ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၄ 

 


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ  စစ်ဆေးထုတ်ပေးလျက်ရှိသည်။  ဇန်နဝါရီ ၁၄ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Iv Cannula with injection valve အခု ၂၆၀၅၀၊ hemodialysis blood tubing set အခု ၃၈၀၊ arterial-venoud fistula set ၃၆ ခု၊ dialyzer ၆၃ ခု၊ ဆေးဝါးမျိုးစုံ ၄၉ မျိုး၊ စုစုပေါင်း ၁၉၁၂၀၄ ဒသမ ၉၂ KG ၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီလေးခုမှ Glucose Injection ၄၅၃၆ ခု၊ sai b6 injection  အခု ၁၆၄၄၀၊ Vitamin Tablets အခု ၈၀၀ ၊ Paracetamol Tablet ၁၀၀၈၀ ခု၊ Sai Ibufen 200 Tablets အခု ၂၂၄၀၊ Oxygen Concentrator ၁၀၀၆ ခု၊ Disposable Face Mask ၁၈၄၆၇ KG တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။                                                       

သတင်းစဉ်