ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ် စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်    အောက်တိုဘာ    ၂၅


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး   ပစ္စည်းများအား   ရေကြောင်း၊  လေကြောင်း၊  ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၂၅ ရက်က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီသုံးခုမှ Remdesivir Power for Injection ၁၀၀၀၀၊ Dexamethasone Tablet ၃၀၀၀၊ Dexamethasone Tablet ၃၀၀၀၊ Levofloxacin Infusion ၉၉၉၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Oximeter ၁၀၀၀၀၊ Oxygen Filling Plant တစ်ခု၊ Oxygen Cylinder ၅၃၀၊ Oxygen Concentrator ၁၀၀၀၊ ဆေးဝါးမျိုးစုံ ၂၀ (၁၆၂၇၆၀ ဒသမ ၇၇) Kg ၊ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီ ၁၀ ခုမှ Mask ၈၄၄၉၇ Kg ၊ PPE ၁၈၀၀၀၊ Disposable Cap ၁၄၀၀ Kg ၊ Medical Adhesive Tape ၂၃၂၀၊ Medical Plaster ၂၃၄၀၊ Syringe ၇၇၃၅၈ ခု၊ Face Shield ၅၅၆ Kg ၊ Shoe Cover ၇၅၄၉ Kg ၊ Gloves ၉၂၂ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။      သတင်းစဉ်