ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ် စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော်  စက်တင်ဘာ ၁၅


အကောက်အခွန်ဦးစီးဌာနအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်   ကုသရေးပစ္စည်းများ အား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်       လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့ တွင်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌     ကုမ္ပဏီ ၁၁ ခုမှ  Cefoperazone  ၁၇၀၀၀၊ Enoxa ၈၀၀၀၊      Dexamethasone Acetate ၈၇ ခု၊   Meropenem Trihydrate Powder For Injection  ၅၀၀၀၊ Ceflxime Disperslble Tablets ၄၉၉၀၊ Virus Shutout Lanyard ၄၀၀၀၊ Oxygen Filling Compressor နှစ်ခု၊ Test Kit  ၄၇၇ ခု၊ Automatic Immunassay Syatem  သုံးခု၊ COVID–19 Real– Time Pck Kit ၄၀၀၊ Universal Grad Erile Filter ၈၇ ခု၊ Small Medical Oxygen ၁၃ ခု၊ Oxygen Booster Pump နှစ်ခု၊  ရန်ကုန် ဆိပ်ကမ်းများမှ လက်အိတ် ၁၁၂၀၈ ခု၊ Screw Air Compressor တစ်ခု၊ Gas Storage Tank နှစ်ခု၊ Booster Compressor တစ်ခု၊ Protective Clothing ၁၂၀၀၊ နှာခေါင်းစည်း ၇၀၀၀၀၊   Oxygen Cylinder Trolley ၅၀၊ Nasal Mask ၅၀၀၊ အောက်ဆီဂျင်ထုတ်စက်   သုံးခု၊ Oxygen Cylinders ၄၄၆၇ ခု၊ Oximeter ၂၀၀၀၊ Oxygen Nasal  ၃၁၉၀၀၊ အိမ်သုံးအောက်ဆီဂျင်စက် ၉၆ ခု၊ Oxygen Regulator ၂၃၀၀ နှင့် ဆေးဝါးမျိုးစုံ ၇၁ မျိုး ၃၀၇၉၈၈ ဒသမ ၃၃ ကီလိုဂရမ်၊    နယ်စပ် (ချင်းရွှေဟော်၊ မူဆယ်၊ ကန်ပိုက် တီး)တွင်      ကုမ္ပဏီ  ကိုးခုတို့မှ အိမ်သုံးအောက်ဆီဂျင်စက် ၃၀၊ နှာခေါင်းစည်း ၁၃၆၂၈ ကီလိုဂရမ်၊ Flow Meter/ Regulator  ၂၀၀၊ တစ်ကိုယ်ရေသုံး   ကာကွယ်ရေး ဝတ်စုံ   ၅၆၀၀၊    အောက်ဆီဂျင် ထုတ်စက်   ခုနစ်ခု၊ Oxygen Mask ၆၀၀၊    မျက်နှာကာ   ၆၅၀၀ ကီလိုဂရမ်၊ Vitamin C Tablet  ၂၈၅၆၆ ကီလိုဂရမ်၊   Madical Plaster   ၄၃၈၀၊    Glucose Injection   ၄၆၉၁၂   ကီလိုဂရမ်၊ Sodium Chloride Injection ၂၃၅၆၈ ကီလိုဂရမ်၊ လက်အိတ် ၆၀၀ ကီလိုဂရမ်၊ Test Kit ၃၂၅၇၄ ခု၊   Vaccine  COVID–19 ကာကွယ် ဆေး     ၉၄   ကီလိုဂရမ်တို့ကို ထုတ်ပေးခဲ့ကြောင်း   သိရသည်။            


သတင်းစဉ်