
နေပြည်တော် ဇူလိုင် ၃၁
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာ များကို တပ်မတော်က သွားရောက်ထောက်ပံ့ လှူဒါန်းပေးလျက် ရှိသည်။
ပေးအပ်လှူဒါန်း
ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေး ကျောင်းများ၊ စာသင်ကျောင်းများ၊ မြို့ဝင်/ မြို့ထွက် စစ်ဆေးရေးဂိတ် များနှင့် ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်အိုး ၆၈၀၂ လုံး၊ Oxygen Flow meter အစုံ၂၀၊ Mask ၃၇၂၀၃၂ ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၂၀၂၀၊ Hand Gel ၈၅၇ ဘူး၊ Face Shield ၂၅၀၊ လက်ဆေးဆပ်ပြာရည် လေးပုံး၊ လက်အိတ် Surgical Gloves ၂၀၅၄ စုံ၊ ခေါင်းစွပ် ၂၉၀၀၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများ၊ အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်