
နေပြည်တော် ဇူလိုင် ၃၀
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုး များနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့ လှူဒါန်းပေး လျက်ရှိသည်။
ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာ ရေးဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်း များ၊ စာသင်ကျောင်းများ၊ မြို့ဝင်/ မြို့ထွက် စစ်ဆေး ရေးဂိတ်များနှင့် ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်အိုး ၆၄၅၂ လုံး၊ Oxygen Flow meter အစုံ ၂၀၊ Mask ၃၇၂၀၃၂ ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၂၀၂၀၊ Hand Gel ၈၅၇ ဘူး၊ Face Shield အခု ၂၅၀၊ လက် ဆေးဆပ်ပြာရည် လေးပုံး၊ လက်အိတ် Surgical Gloves ၂၀၅၄ စုံ၊ ခေါင်းစွပ် ၂၉၀၀၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများ၊ အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ပေးအပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်