ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့် အောက်ဆီဂျင် လုံလောက်စွာရရှိပြီး ပြတ်တောက်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

 

 

နေပြည်တော်   ဇူလိုင်  ၁၉


ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်    အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးစီးကျင်းပသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊   ထိန်းချုပ်ရေးနှင့်   အောက်ဆီဂျင် လုံလောက်စွာရရှိပြီး ပြတ်တောက်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင် များ၊    တိုင်းဒေသကြီး   ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်     ဒေါက်တာ သီတာလှနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများ၊  အောက်ဆီဂျင်ထုတ်လုပ် ဖြန့်ဖြူးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊   အောက်ဆီဂျင်ကျွမ်းကျင်သူ နည်းစနစ်ပညာရှင်များ      တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် သက်ဆိုင် ရာ   ကော်မတီများမှ   တာဝန်ရှိသူများက လုပ်ငန်းများအလိုက်   အသီးသီးဆွေးနွေး ခဲ့ကြရာ   တိုင်းဒေသကြီး    စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနှင့်  တိုင်းမှူးတို့က လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်