
ဘန်ကောက် သြဂုတ် ၁၁
ကြွက်များတွင် စမ်းသပ်ရရှိသော ရလဒ်ကောင်းများ ရရှိပြီးနောက် ထိုင်းနိုင်ငံသည် ယခုနှစ်ကုန်၌ ကိုဗစ်-၁၉ နှာခေါင်းဖျန်းဆေး နှစ်မျိုးကို လူများတွင် စတင် စမ်းသပ်သွားရန် စီစဉ်ထား ကြောင်း ထိုင်းအရာရှိတစ်ဦးက ပြောသည်။
အဒီနို ဗိုင်းရပ်စ်ဗက်တာ အခြေပြုနှင့် အင်ဖလူရမ်ဇာ ဗိုင်းရပ်စ်ဗက်တာ အခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မျိုးရိုးဗီဇပြုပြင်ဖန်တီးမှုနှင့် ဇီဝ နည်းပညာဆိုင်ရာ ထိုင်းအမျိုးသား စင်တာက တိုးတက်ထုတ်လုပ် လျက်ရှိကြောင်း အဆိုပါစင်တာ အောက်ရှိ တိရစ္ဆာန်ကျန်းမာရေး ဆိုင်ရာ ဆန်းသစ်တီထွင်ဖန်တီး ခြင်းနှင့် စီမံခန့်ခွဲရေးသုတေသန ဌာန ညွှန်ကြားရေးမှူး အာနန် ဂျွန်ကေးဝက်သနာက ပြောသည်။
အဆိုပါစင်တာက ကြွက်များ တွင် စမ်းသပ်စစ်ဆေးပြီးနောက် ယခုနှစ်ကုန်၌လူများတွင် စတင် စမ်းသပ်ရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်းနှင့် လတ်တလောတွင် ထိုင်းနိုင်ငံ အစားအသောက် နှင့် ဆေးဝါးထိန်းချုပ်ရေးဌာန၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရ ကြောင်း အာနန်က ပြောသည်။
အဆိုပါစမ်းသပ်ချက်များက ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကိုပါ ခုခံကာကွယ် နိုင်စွမ်း ရှိမည်လားဆိုသည်ကို စမ်းသပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယအဆင့် လူသားများ တွင် စမ်းသပ်ချက်များကို ၂၀၂၂ ခုနှစ် မတ်လ၌ စတင်ရန် စီစဉ်ထားကြောင်းနှင့် အကယ်၍ အခြေအနေအားလုံး ကောင်းမွန် ပါက ၂၀၂၂ ခုနှစ် မတ်လလယ် တွင် အမြောက်အမြားထုတ်လုပ် သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဆင်ဟွာ