ကိုဗစ်-၁၉ မျိုးကွဲသစ်တွေ တစ်ကျော့ပြန်ခေါင်းထောင်လာချိန်မှာ ကာကွယ်ဆေးမလွှမ်းခြုံနိုင်သေးတဲ့ အိန္ဒိယအခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိ

 

ထွန်းကျော် 
 

ကမ္ဘာတစ်ဝန်း     ကိုဗစ်-၁၉    ကူးစက် ဖြစ်ပွားမှုတွေ     တစ်ကျော့ပြန်ဖြစ်ပွား လာချိန်မှာ     အိန္ဒိယနိုင်ငံရဲ့   ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုအခြေအနေဟာ  ခန့်မှန်းထားတာထက်လျော့နည်းနေတဲ့အတွက်       ကပ်ရောဂါဆိုင်ရာ စိန်ခေါ်မှုတွေနဲ့      ရင်ဆိုင်ရဦးမှာဖြစ်ပါ တယ်။    ကမ္ဘာတစ်ဝန်းမှာ     အခုဆိုရင် ကိုဗစ်-၁၉      မျိုးကွဲသစ်တွေကိုလည်း ထပ်မံစမ်းသပ်တွေ့ရှိခဲ့ပါတယ်။

 


တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မြှင့်ကြိုးစား


အိန္ဒိယအစိုးရက        ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မြှင့်ကြိုးစားလျက်ရှိသော်လည်း      အိန္ဒိယနိုင်ငံရဲ့ မြို့တော်တစ်ခုတည်းသာ  ၉၀ ရာခိုင်နှုန်း ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးခဲ့တယ်လို့ စာရင်းဇယားများ မှာ ဖော်ပြထားပါတယ်။ 

 


အိန္ဒိယအစိုးရရဲ့  CoWIN ပေါ်တယ်ရဲ့ သတင်းအချက်အလက်တွေအရ အိန္ဒိယ နိုင်ငံမြို့တော်  ဒေသ  ၁၁  ခုရှိတဲ့အထဲမှာ နယူးဒေလီဒေသတစ်ခုတည်းသာ ကိုဗစ်- ၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးမှု  ၉၄ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ 

 


အကောင်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံမှုရှိခဲ့


ဒေသသုံးခုဖြစ်တဲ့ အနောက်တောင်၊ အရှေ့နဲ့     အနောက်ဘက်ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးသူ  ၈၉  ဒသမ ၈ ရာခိုင်နှုန်း၊ ၈၈  ဒသမ ၅  ရာခိုင်နှုန်းနဲ့ ၈၈ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။  တောင်၊ မြောက်နဲ့    အနောက်မြောက်ဒေသအပါအဝင်    ဒေသ လေးခုမှာ     ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၈၃ ဒသမ ၃  ရာခိုင်နှုန်း၊  ၈၁ ဒသမ  ၇ ရာခိုင်နှုန်း၊ ၈၁ ဒသမ  ၁ ရာခိုင်နှုန်းနဲ့  ၈၀ ဒသမ ၂ ရာခိုင်နှုန်းစီ ရှိခဲ့ပါတယ်။ 

 


အရှေ့မြောက်နဲ့  အလယ်ပိုင်းဒေသ အပါအဝင် ဒေသနှစ်ခုမှာ ကိုဗစ်-၁၉ကာကွယ်ဆေးလွှမ်းခြုံထိုးပေးနိုင်မှုပမာဏဟာ ၇၉ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ၇၇ ဒသမ ၁  ရာခိုင်နှုန်းစီဖြစ်ပါတယ်။ အရှေ့တောင် ဒေသမှာတော့ ၇၀ ဒသမ ၅ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးပေးနိုင် ခဲ့ပါတယ်။ 

 


နယူးဒေလီ      တစ်ခုတည်းသာ အကောင်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံမှုရှိခဲ့ပြီး ရှေ့တန်းလုပ်သားများကို တတိယအကြိမ်အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပါတယ်။

 


လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၁၃၁၀၄၃ ဦးရှိ


တခြားဒေသများမှာတော့ ရှေ့တန်း လုပ်သားများကို  တတိယအကြိမ်အပို ဆောင်း  ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံပေးဖို့   လွယ်ကူတဲ့အခြေအနေမရှိ သေးပါဘူး။ 

 


ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်တဲ့ နေရာမှာ အိန္ဒိယအစိုးရဟာ သူ့ရဲ့လူဦးရေ အများစုကို  ကိုဗစ်-၁၉ ကာကွယ်ဆေး ပိုမိုလွှမ်းခြုံထိုးပေးနိုင်ဖို့        ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။

 


အခုချိန်ထိ အရွယ်ရောက်ပြီးသူ ၆၆ ဒသမ ၇  ရာခိုင်နှုန်းသာ   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်သေးပါတယ်။ 
အိန္ဒိယနိုင်ငံတစ်ဝန်းမှာ    လွန်ခဲ့တဲ့ ၂၄    နာရီအတွင်းမှာပဲ     ကိုဗစ်-၁၉ တစ်ကျော့ပြန်ကူးစက်ဖြစ်ပွားသူ ၁၃၆၁၅ ဦး  အထိရှိခဲ့ပါတယ်။     အခုဆိုရင်တော့ အိန္ဒိယနိုင်ငံမှာ     ကိုဗစ်-၁၉   ကူးစက် ဖြစ်ပွားသူပေါင်းဟာ  ၄၃၆၅၂၉၄၄  ဦး အထိရှိလာခဲ့ပါပြီ။    ထို့အတူပဲ   နိုင်ငံ တစ်ဝန်းမှာ    လတ်တလော  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၁၃၁၀၄၃ ဦး ရှိပါတယ်။ 

 


စိုးရိမ်စိတ်တွေ ဒီရေပမာမြင့်တက်


လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၀ ရှိခဲ့ကြောင်း ဖော်ပြခဲ့မှုနဲ့အတူ      နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ဖိစီးနှိပ်စက်မှုကြောင့် သေဆုံး သူပေါင်းဟာ  အခုဆိုရင်  ၅၂၅၄၇၄ ဦး အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

 


အိန္ဒိယနိုင်ငံမှာ   အခုဆိုရင်   အလွန် ကူးစက်မြန်       အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် (BA.1.75) စမ်းသပ်တွေ့ရှိခဲ့တဲ့ အပေါ်    ကျန်းမာရေးအာဏာပိုင်တွေ ကတော့ မျက်ခုံးလှုပ်နေပြီဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်စ်သာ  ကိုဗစ်-၁၉  ကာကွယ် ဆေးလွှမ်းခြုံမထိုးထားနိုင်တဲ့     အိန္ဒိယ နိုင်ငံတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့မယ်ဆိုရင် ဆိုတဲ့ စိုးရိမ်စိတ်တွေ ဒီရေပမာမြင့်တက် လာနေပြီဖြစ်ပါတယ်။

 


ကိုဗစ်-၁၉ မျိုးကွဲသစ်တွေကို ထပ်မံတွေ့ရှိ


ဒါ့အပြင်  ကမ္ဘာ့တခြားနိုင်ငံတွေမှာ လည်း    BA.4  နဲ့   BA.5   လို့ခေါ်တဲ့ ဒီကိုဗစ်-၁၉  မျိုးကွဲသစ်တွေကို   ထပ်မံ တွေ့ရှိထားပါတယ်။ ဒီကိုဗစ်-၁၉ မျိုးကွဲ သစ်တွေဟာ      အရင်ကတွေ့ရှိခဲ့တဲ့ အိုမီခရွန်နဲ့   တခြားကိုဗစ်-၁၉    မျိုးကွဲ တွေထက်      ပိုမိုကူးစက်မြန်ပါတယ်။ ထပ်မံတွေ့ရှိခဲ့တဲ့  ကိုဗစ်-၁၉ မျိုးကွဲသစ် တွေဟာ    လူတွေရဲ့    ခုခံကာကွယ်မှုကို အလွယ်တကူ   ရှောင်ရှားနိုင်ပြီး    ရောဂါ ကူးစက်ခံရသူရဲ့    ခုခံကာကွယ်နိုင်စွမ်း ကိုလည်း လျော့နည်းစေပါတယ်။ 

 


BA.4  နဲ့  BA.5  ကိုဗစ်-၁၉ မျိုးကွဲ တွေရဲ့    ရောဂါလက္ခဏာတွေကတော့ တခြားအိုမီခရွန် မျိုးကွဲတွေလိုပဲ ဖျားနာ ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာ ခြင်းနဲ့ အအေးမိတဲ့လက္ခဏာတွေဖြစ်ပေါ်  ခံစားရမှာဖြစ်ပါတယ်။

 


ထပ်မံရိုက်ခတ်လာမယ့်အရေးကို စိုးရိမ်လျက်ရှိ


သြစတြေးလျနိုင်ငံမှာလည်း  ကိုဗစ်-၁၉ အသွင်ပြောင်းအဆင့်မြင့် မျိုးကွဲလှိုင်း ဂယက် ထပ်မံရိုက်ခတ်လာမယ့်အရေးကို စိုးရိမ်လျက်ရှိပါတယ်။ ဒီလှိုင်းဂယက်သာ ရိုက်ခတ်လာမယ်            ဆိုရင်တော့  သြစတြေးလျနိုင်ငံရဲ့ ကျန်းမာရေးစနစ် အပေါ် ခြိမ်းခြောက်လာမှာဖြစ်တယ်လို့ သြစတြေးလျ  ကျန်းမာရေးအာဏာပိုင် များက ပြောပါတယ်။ 

 


ထို့အတူ    ကိုဗစ်-၁၉   မျိုးကွဲသစ် လှိုင်းဂယက်သာ          အိန္ဒိယနိုင်ငံကို ရိုက်ခတ်လာမယ်ဆိုရင်     အရင်ကမှ ကိုဗစ်-၁၉    ကာကွယ်ဆေး   လွှမ်းခြုံ မထားတဲ့ နိုင်ငံဟာ ကစဉ့်ကလျားအခြေ အနေနဲ့          ထပ်မံရင်ဆိုင်ရနိုင်ပါတယ်။ 
                     

ကိုးကား - ဆင်ဟွာ