ကိုဗစ်-၁၉ လူနာများထားရှိရန် ပြင်ဆင်ဆောင်ရွက်နေသည့်စင်တာများနှင့် အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇူလိုင်  ၁၇


ကိုဗစ်-၁၉  လူနာများထားရှိရန် ပြင်ဆင်ဆောင်ရွက် နေသည့်စင်တာများနှင့်    အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို ယနေ့ နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့်ကောင်စီအဖွဲ့ဝင်များ၊  ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူးဗိုလ်ချုပ်    ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် မင်္ဂလာတောင်ညွန့် မြို့နယ်  မအူကုန်းစက်ရုံလမ်းရှိ   ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ  ဝန်ထမ်းသင်တန်း ကျောင်းဝင်းအတွင်းရှိ အဆောင်(၄)ဆောင်တွင် လူနာ   ၁၀၀၊ လှိုင်မြို့နယ် ကိုဗစ်ကုသရေးစင်တာတွင်လူနာ ၇၅၀၊ စင်တာများအတွက် ကုသရေးအဖွဲ့များနှင့်        လုပ်အားပေးအဖွဲ့များအားလုံးတို့အတွက် အိပ်ရာ၊ ခြင်ထောင်၊  ခုတင်နှင့်     ရေချိုးခန်း၊  အိမ်သာများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ    ပြင်ဆင်နေမှုများ၊           အောက်ဆီဂျင်လိုအပ်မည့်   လူနာများအတွက်        အောက်ဆီဂျင်ပိုက်လိုင်း  သွယ်တန်းတပ်ဆင်နေမှု များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။   ရှင်းလင်းတင်ပြချက်များအပေါ် ကောင်စီဥက္ကဋ္ဌနှင့်  တိုင်းမှူးတို့က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်   တိုင်းမှူးတို့ သည်    ကမာရွတ်မြို့နယ်     မြန်မာ့သင်္ဘောကျင်း လုပ်ငန်းရှိ   အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုများကို        ကြည့်ရှုစစ်ဆေးပြီး                    အောက်ဆီဂျင်လိုအပ်နေသော    ပြည်သူများ၏         လက်ဝယ်သို့ အမြန်ဖြန့်ဖြူးပေးရန်နှင့်    ပူးပေါင်း ဆောင်ရွက်ကြမည့်    အုပ်ချုပ်ရေးအဖွဲ့နှင့်  လူမှုရေး အဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လိုအပ် သည်များမှာကြားခဲ့သည်။


ကောင်စီဥက္ကဋ္ဌ၊    တိုင်းမှူးနှင့်တာဝန်ရှိသူများ သည် မွန်းလွဲ ၂ နာရီတွင် မှော်ဘီမြို့နယ် မြောင်းတကာရှိ အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံနှင့် အမှတ်(၂)သံမဏိ စက်ရုံများရှိ Oxygen Plant များတွင် အောက်ဆီဂျင် ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက လက်ရှိအောက်ဆီဂျင်ထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြကြရာ ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး တို့က လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်များတိုးမြှင့် ထုတ်လုပ်ရေးအတွက် လိုအပ်သည်များလမ်းညွှန် မှာကြားသည်။  ၎င်းစက်ရုံသုံးခုမှ  အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အိုးအလုံးရေ ၁၂၀၀ ကျော် ထုတ်လုပ် နိုင်ကြောင်း သိရသည်။


ကိုဗစ်−၁၉ ရောဂါ တတိယလှိုင်းတွင်  မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ဒုတိယလှိုင်းထက်လူနာများတွင် အောက်ဆီဂျင်လိုအပ်မှုမြင့်မားနေသဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်  အောက်ဆီဂျင် လိုအပ်ချက်များ  ဖြစ်ပေါ်ခဲ့သဖြင့်  အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်တင်းပေးရန်နိုင်ငံတော်နှင့် တပ်မတော်ပိုင်  Oxygen   Plant များ၊   ပုဂ္ဂလိကပိုင် Oxygen Plant များမှ    တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏    အနီးကပ်ကြီးကြပ်              လမ်းညွှန်မှုဖြင့် စေတနာရှင်အလှူရှင်များက  စုပေါင်း လှူဒါန်းငွေများဖြင့်လည်း အောက်ဆီဂျင်နှင့် ဆက်စပ် ပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းကာ ဆေးရုံများနှင့်  အောက်ဆီဂျင်လိုအပ်သည့်ပြည်သူ များထံသို့    ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိကြောင်း       သိရသည်။    

                ဆန်းကျော်ဦး(ပြန်/ဆက်)