ကိုဗစ်-၁၉ လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ

 

 

နေပြည်တော်  အောက်တိုဘာ  ၁၈


ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက်   တိုင်းစစ်ဌာနချုပ်   နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာ ရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌   Quarantine Center များ   ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။ 
ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ ည ၇ နာရီထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား ၈၀ နှင့် အမျိုးသမီး ၇၁ ဦး စုစုပေါင်း ၁၅၁ ဦးကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ငါးဦး နှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦးကိုလည်းကောင်း လက်ခံထား ရှိကြောင်း သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို     သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ   နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့်    တာဝန်ရှိသူများက  ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။                            
သတင်းစဉ်