
နေပြည်တော် ဇူလိုင် ၂၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း များက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း ကိုဗစ်-၁၉ လူနာများကုသရာတွင် အသုံးပြုရန်အတွက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ နှင့် အောက်ဆီဂျင်အိုးများ၊ အောက်ဆီဂျင် Plant များကို သက်ဆိုင်ရာ ဆေးရုံများသို့ ပေးအပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် အလှူရှင် ဦးကျော် နေဝင်းမိသားစုက ငွေကျပ်သိန်းပေါင်း ၂၂၀၀ တန်ဖိုး ရှိ အောက်ဆီဂျင် Plant တစ်ခုကို လာရောက် ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ က လက်ခံရယူပြီး
ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်