ကိုဗစ်- ၁၉ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဟိုတယ်လုပ်ငန်းများဆောင်ရွက်နေမှု နိုင်ငံပိုင်မီဒီယာများနှင့် အစည်းအဝေးများတွင် ထုတ်လွှင့်ပြသမည်

 

နေပြည်တော်  စက်တင်ဘာ   ၁၅


ဟိုတယ်နှင့်   ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ဌေးအောင်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော  စီးပွားရေးလုပ်ငန်းများကို ကုစားမှုများပေးနိုင်ရေးအတွက် ဟိုတယ်များတွင် ကိုဗစ်-၁၉  လုပ်ငန်း    လမ်းညွှန်များနှင့်အညီ  ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို နိုင်ငံပိုင်မီဒီယာများနှင့် လူမှုကွန်ရက်မီဒီယာများတွင်   ထုတ်လွှင့် ပြသနိုင်ရေး ရုပ်သံရိုက်ကူးရေးဆောင်ရွက်နိုင်ရန် နေပြည်တော်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် Elite Technology မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်း       အဝေးတွင်   ပြည်ထောင်စုဝန်ကြီးက ဝန်ကြီး ဌာနနှင့်     မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်   အပါအဝင် ညီနောင်      အသင်းများမှလည်း ကိုဗစ်-၁၉  ရောဂါ     ကာကွယ် တားဆီးမှုကို    ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင်လည်း  ကိုဗစ်- ၁၉   ကာကွယ်ရေးဆိုင်ရာ    စည်းမျဉ်း    စည်းကမ်းများနှင့်အညီ  လိုက်နာလုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊   ဝန်ဆောင်မှု  နယ်ပယ်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ရောဂါအနေအထားကို      အမြဲ လေ့လာစူးစမ်းပြီး   ထိန်းသိမ်း ကာကွယ်ရမည့်  နည်းလမ်းများကို သိရှိကာ တိကျစွာ   လိုက်နာ ဆောင်ရွက်ရန်  လိုအပ်ကြောင်း၊  သို့ဖြစ်ပါ၍ ဧည့်သည်များ   လက်ခံ ရာတွင်   အဓိကအခန်းကဏ္ဍမှ ပါဝင်သည့်     ဟိုတယ်များအနေဖြင့်    ကိုဗစ်-၁၉   လုပ်ငန်းလမ်းညွှန် ချက်များနှင့်အညီ      ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင် ရွက်နေမှုကို ပြည်သူများသိရှိနိုင် စေရန်အတွက် ယခုလို ရုပ်သံရိုက် ကူးရေး ထုတ်လွှင့် အသိပညာပေး    ဆောင်ရွက်ရခြင်း  ဖြစ်ကြောင်း၊ အဆိုပါ ရိုက်ကူးမည့် ရုပ်သံအား နိုင်ငံပိုင်မီဒီယာများ၊ Conference နှင့်   အစည်းအဝေးများတွင် ပြသ သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  ရိုက်ကူးရေး  ဆောင်ရွက်ရာတွင် ပြည်သူများ    စိတ်ပါဝင်စားပြီး ဆွဲဆောင်မှုရှိသော အဆင့်အတန်း မီမီ ရိုက်ကူးမှုဖြစ်နိုင်ရေး  အားလုံး   ဝိုင်းဝန်းပူးပေါင်း     ဆောင်ရွက်ပေး ရန်  လိုအပ်ကြောင်း  ပြောကြား သည်။


ထို့နောက်   တာဝန်ရှိသူများက  ကိုဗစ်-၁၉   ဘေးအန္တရာယ် ကင်းရှင်းရေး  စည်းမျဉ်း  စည်း ကမ်းများနှင့်အညီ      ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် နေမှု၊ ရိုက်ကူးရေးနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ၊ ဟိုတယ်များမှ ဦးစားပေးဌာနအလိုက် ရိုက်ကူး လိုမှု ၊ Social Media Copyright ရရှိလိုမှုနှင့်     ရိုက်ကူးမှုမစမီ    ကြိုတင်ချိတ်ဆက်     ဆောင်ရွက် ပေးစေလိုသည့်    အခြေအနေ၊ ရိုက်ကူးရေးတွင် ပူးပေါင်း ပါဝင် ကူညီဆောင်ရွက်ပေးမည့်  အခြေ အနေတို့ကို        တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များကို   ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။                      

သတင်းစဉ်