ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ အာရှ-ပစိဖိတ်နိုင်ငံများ၌ ဆက်လက်ပျံ့နှံ့လျက်ရှိ

 

ဟောင်ကောင်   ဇူလိုင်   ၁၄


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည်  အာရှ-ပစိဖိတ် နိုင်ငံများတွင်  ဆက်လက်ကူးစက်ပျံ့နှံ့လျက်ရှိချိန် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများ၌လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသေဆုံးသူများ စံချိန်တင်မြင့်တက် လျက်ရှိသည်။ 
မလေးရှား
မလေးရှားနိုင်ငံတွင်   ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၁၆၁၈ ဦးရှိလာမှုနှင့်အတူ  နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူပေါင်း  ၈၆၇၅၆၇ ဦး အထိ  ရှိလာခဲ့ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။
ထို့အပြင်    ကိုဗစ်-၁၉ ကြောင့်   ၁၁၈ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ  စုစုပေါင်းသေဆုံးသူ ၆၅၀၃ ဦး အထိရောက်ရှိလာခဲ့သည်။ ကိုဗစ်-၁၉ သန္ဓေပြောင်း မျိုးစိတ်သစ်ကူးစက်မှုတိုးနေသဖြင့်        ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုများ    လာမည့်သီတင်းပတ် များအတွင်း ဆက်လက်မြင့်တက်လာမည်ဟု ခန့်မှန်း ကြောင်း ကျန်းမာရေးဝန်ကြီးဌာန  ညွှန်ကြားရေးမှူး ချုပ်  နော်ဟီရှန်အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားလိုက်သည်။
အင်ဒိုနီးရှား 
အင်ဒိုနီးရှားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားသူ  ၅၄၅၁၇ ဦး ရှိလာခဲ့ပြီးနောက်   စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ  ၂  ဒသမ ၇ သန်းအထိ   ရှိလာခဲ့ကြောင်း    ကျန်းမာရေးဝန်ကြီးဌာနက     သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။ 
ထို့အပြင်   ကိုဗစ်-၁၉ ကြောင့်  ထပ်မံသေဆုံးသူ ၉၉၁ ဦးတိုးလာသောကြောင့်   စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်  သေဆုံးသူ ၆၉၂၁၀ အထိ ရှိလာခဲ့သည်။ 
အိန္ဒိယ
အိန္ဒိယနိုင်ငံတွင်  လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားသူ ၃၈၇၉၂ ဦး တိုးလာသောကြောင့်   နိုင်ငံအတွင်း    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း  ၃၀၉၄၆၀၇၄ ဦး အထိ ရှိလာခဲ့ကြောင်း       ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်များအရ သိရသည်။
ထို့အပြင် ၆၂၄ ဦး ကိုဗစ်-၁၉ ဖြင့် ထပ်မံသေဆုံးခဲ့ သောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၄၁၁၄၀၈ ဦးအထိ ရှိလာခဲ့သည်။ 
နိုင်ငံအတွင်း   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက် ရှိသူ ၄၂၉၉၄၆ ဦးရှိသောကြောင့်   လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၈၃၂ ဦး လျော့ကျလာခဲ့သည်။ 
ဖိလစ်ပိုင်
ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက  ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ   ၃၈၀၆ ဦး ရှိလာကြောင်း ဖော်ပြမှုနှင့်အတူ  စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၄၈၅၄၅၇ ဦးရှိလာခဲ့သည်။ 
ကိုဗစ်-၁၉ ကြောင့်    ထပ်မံသေဆုံးသူ ၁၄၀ တိုးလာသောကြောင့်   စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ   ၂၆၂၃၂ ဦးအထိ      ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက      ထုတ်ပြန်လိုက်သော သတင်းအချက်အလက်များအရ သိရသည်။ 
ဇူလိုင် ၁၃ ရက်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် မေ ၂၃ ရက်မှစကာ   အနည်းဆုံး  ကူးစက်ဖြစ်ပွားမှု ဖြစ်သည်။   ဓာတ်ခွဲခန်းခုနစ်ခန်းက အချက်အလက် များ မပေးပို့နိုင်ခဲ့ကြောင်း သိရသည်။ 
သီရိလင်္ကာ 
သီရိလင်္ကာနိုင်ငံတွင်     ဇူလိုင် ၁၂ ရက်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေးအများဆုံး  ထိုးပေးနိုင်ခဲ့ပြီး စုစုပေါင်းထိုးပေးနိုင်ခဲ့သူ    ၂၃၂၅၂၆ ဦးအထိ     ရှိခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏   ထုတ်ပြန်ချက် ကို   ကိုးကား၍ ပြည်တွင်းသတင်းများတွင်  ဖော်ပြ သည်။
လွန်ခဲ့သောနှစ်  မတ်လက ပထမဆုံး ကိုဗစ်-၁၉ လူနာစတင်တွေ့ရှိခဲ့ချိန်မှစကာ    ယခုအချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂၇၆၁၀၆ ဦးအထိ ရှိလာခဲ့ပြီး      သေဆုံးသူ ၃၅၃၃ ဦးအထိ  ရှိလာခဲ့ ကြောင်း သိရသည်။ 
ပါကစ္စတန် 
ပါကစ္စတန်နိုင်ငံတွင်    ဇူလိုင် ၁၂ ရက်က  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၅၉၀ ရှိကြောင်း အမျိုးသား ကြီးကြပ်ကွပ်ကဲရေးနှင့်  စစ်ဆင်ရေးဌာနက  ဇူလိုင် ၁၃ ရက်က ကြေညာခဲ့သည်။ 
ပါကစ္စတန်နိုင်ငံတွင်      စုစုပေါင်း  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၇၆၈၆၇ ဦးအထိ    ရှိလာပြီ ဖြစ်သည်။  ထို့အပြင် ကိုဗစ်-၁၉ အတည်ပြုကူးစက် ဖြစ်ပွားလျက်ရှိသူ ၃၉၆၄၄ ဦး ရှိပြီး     ၂၁၈၁ ဦးမှာ စိုးရိမ်ရသော     အခြေအနေတွင်ရှိကြောင်း  သိရ သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့်  ပါကစ္စတန် နိုင်ငံတွင် ၂၁ ဦး ထပ်မံသေဆုံးခဲ့မှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၂၂၆၁၈ ဦးအထိ ရှိလာခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင်      ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်-၁၉    ကာကွယ်ဆေး     သန်းထက်ဝက်ကျော် ၅၂၅၀၀၀ ကို      တစ်နေ့တည်းထိုးပေးခဲ့ကြောင်း အမျိုးသားထိန်းချုပ်ကွပ်ကဲမှုနှင့်   စစ်ဆင်ရေးဌာန ခေါင်းဆောင် အာဆက်အူမာက   ပြောကြားလိုက် သည်။
တောင်ကိုရီးယား 
တောင်ကိုရီးယားနိုင်ငံတွင်  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၂၅၂ ဦး ရှိလာကြောင်း၊  အဆိုပါပမာဏမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးခံပြီးနောက် ကူးစက်ခံရသူများဖြစ်ကြောင်း      ကျန်းမာရေး အာဏာပိုင်များက ပြောကြားလိုက်သည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း  တောင်ကိုရီးယား နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၆၁၅ ဦး တိုးလာပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၇၁၉၁၁ ဦးအထိ  ရှိလာခဲ့သည်။    နေ့စဉ် ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားမှုသည်       ခုနစ်ရက်ဆက်တိုက် ၁၀၀၀ အထက် ရှိခဲ့သည်။ 
ကမ္ဘောဒီးယား 
ကမ္ဘောဒီးယားနိုင်ငံတွင်     ကိုဗစ်-၁၉   ကူးစက် ဖြစ်ပွားမှုကြောင့်      စုစုပေါင်းသေဆုံးသည့်ပမာဏ ၁ ဒသမ ၂၀ ရာခိုင်နှုန်းရှိခဲ့သည်။ 
ကမ္ဘောဒီးယားဝန်ကြီးချုပ်     ဆန်ဒက်တက်ချို ဟွန်ဆန်က    နိုင်ငံအတွင်းရှိ    လူဦးရေငါးသန်းခန့် အနည်းဆုံး     ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးပြီးပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင်    ဇူလိုင် ၁၄ ရက်က ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ ၉၁၅ ဦး   ရှိကြောင်း ဖော်ပြမှုနှင့်အတူ    စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း    ၆၃၆၁၅ ဦး    ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက   ပြောကြားလိုက်သည်။
ထို့အပြင်    ကိုဗစ်-၁၉ ကြောင့်   ၃၃ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ    စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၉၈၆ ဦး ရှိလာခဲ့သည်။  

ဆင်ဟွာ