ကိုဗစ်-၁၉ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   မေ    ၂၆


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆိုင်ရာ   ပစ္စည်းများကို     လေကြောင်း၊ ပင်လယ်ရေကြောင်း နှင့်     နယ်စပ်ကုန်သွယ်ရေးစခန်း များမှ       နှောင့်နှေးကြန့်ကြာမှု မရှိ     တင်သွင်းနိုင်ရေးအတွက်   အချိန်နှင့်တစ်ပြေးညီ        စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင်      ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ ကုမ္ပဏီ  နှစ်ခု၊ ယာဉ် နှစ်စီးဖြင့်  နှာခေါင်းစည်း  Mask  ၁၀ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးဆိုင်ရာ ပစ္စည်းများကို  သက်ဆိုင်ရာဌာန များနှင့်  ညှိနှိုင်းထားသည့်  SOP  များနှင့်အညီ  ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိကြောင်း       နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်   ဆက်စပ်သည့်    အသိပေး   ကြေညာချက်များကို လည်း  အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm            တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး    စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။


သတင်းစဉ်