ကိုဗစ်-၁၉ ကုသမှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးသုံးမျိုးစမ်းသပ်မည်

 

ဂျီနီဗာ   သြဂုတ်    ၁၂ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉  အတွက် ကာကွယ်ဆေးသစ် သုံးမျိုးကို     စမ်းသပ်မည်ဖြစ် ကြောင်း၊ အဆိုပါစမ်းသပ်မှုတွင်  နိုင်ငံပေါင်း ၅၂ နိုင်ငံရှိ ဆေးရုံပေါင်း ၆၀၀ ကျော်မှ သုတေသီ  ထောင် ကျော်     ပါဝင်မည်ဖြစ်ကြောင်း  သြဂုတ် ၁၁ ရက်က ကြေညာလိုက် သည်။
ကမ္ဘာ့ကျန်းမာရေး    အဖွဲ့က ထုတ်ပြန်လိုက်သော ထုတ်ပြန် ချက်တွင် စမ်းသပ်မည့် ဆေးသစ် သုံးမျိုးမှာ   ပြင်းထန်ငှက်ဖျားကို  ကုသရန် အာတတ်ဆူနိတ်ဆေး၊ တိကျသေချာသော ကင်ဆာများ ကို   ကုသရန်   အီမာတီနစ်ဆေး၊ ကိုယ်ခံအားစနစ် ကမောက်ကမ ဖြစ်ခြင်းကို   ကုသရန်    အင်ဖလီ ဇီမက်ဘ်ဆေးများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောဂါကုထုံးများကို  ဆေးရုံတင်ရသော    ကိုဗစ်-၁၉ ရောဂါသည်များ၏   သေဆုံးမှုကို လျှော့ချရန်        ဖြစ်နိုင်ခြေကို တွက်ဆပြီး     လွတ်လပ်သော ကျွမ်းကျင်အဖွဲ့က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်မှုလုပ်ဆောင် ရန်အတွက် အဆိုပါဆေးများကို ထုတ်လုပ်သူများက လှူဒါန်းမည် ဖြစ်ကြောင်း    ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောသည်။ 
ပိုမိုအစွမ်းထက်ထိရောက်ပြီး ကိုဗစ်-၁၉   လူနာများအတွက် လက်ခံနိုင်သော ရောဂါကုထုံးများ ဖြစ်ရန်  အရေးတကြီးလိုအပ်လျက် ရှိကြောင်း    ကမ္ဘာ့ကျန်းမာရေး အဖွဲ့         ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဟာနွမ်ဂီဘရီ ယက်ဆုစ်ကပြောသည်။ 
ယခင်ကြိုးစားမှုတွင်    ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဆေးလေးမျိုး ကို စမ်းသပ်ခဲ့ပြီး အဆိုပါဆေးများ မှာ ရမ်ဒက်ဆီဗာ၊ ဟိုက်ဒရောက် ဆီကလိုရိုကွင်း၊     လိုပီနာဗာနှင့် အင်တာဖရွန်တို့    ဖြစ်ကြသည်။ ကနဦးရလဒ်များအရ    အဆိုပါ ဆေးများသည် ကိုဗစ်-၁၉ ဖြင့် ဆေးရုံတင်ထားရသော လူနာများ အတွက် ထိရောက်မှုလုံးဝမရှိခြင်း သို့မဟုတ်     အနည်းငယ်သာ ထိရောက်မှုရှိခြင်းကို       ဖော်ပြ သည်။ 


ဆင်ဟွာ