ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတာ နှစ်နှစ်ထဲဝင်ရောက်လာချိန် အဆုံးသတ်ဖို့ လမ်းမြင်နေပြီလား

 

ထွန်းကျော်

 

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီး နှစ်နှစ် ကြာပြီးနောက်     တချို့နိုင်ငံတွေဟာ ကိုဗစ်-၁၉ နဲ့ ယဉ်ပါးအောင်နေထိုင်ဖို့ ကြိုးစားလာကြပါတယ်။ သို့သော်လည်း သိပ္ပံညာရှင်တွေက      နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ ဗီဇပြောင်းမျိုးစိတ်သစ် တွေနဲ့ မညီမျှတဲ့  ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှုန်းတွေက ကိုဗစ်-၁၉ မဖြစ် ခင်ကလို   ပုံမှန်အခြေအနေပြန်သွားဖို့ အချိန်ကာလအတော်ကြာကြာ စောင့်ဆိုင်း မှုတွေအပေါ်  ခြိမ်းခြောက်လာနိုင်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ 
ကပ်ရောဂါရဲ့ အဆုံးသတ်ချိန်ရောက်ဖို့ နီးနေပြီ 
ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဆက် လက်ဖြစ်ပေါ်နေဦးမယ်။ သို့သော်လည်း ကပ်ရောဂါရဲ့  အဆုံးသတ်ချိန်ရောက်ဖို့ တော့  နီးနေပါပြီလို့  ကမ္ဘာလုံးဆိုင်ရာ အမေရိကန်သုတေသနပညာရှင် ခရစ်စတို ဖာမူရေးက လန်းဆက်ဆေးဂျာနယ်မှာ ဇန်နဝါရီလနှောင်းပိုင်းက    ရေးသားခဲ့ပါ တယ်။ ကမ္ဘာတစ်ဝန်းလုံးက အမျိုးသား ကျန်းမာရေးအာဏာပိုင်တွေရဲ့ မျှော်လင့် ချက်တွေကိုလည်း   သူက   ပေါင်းစပ် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၂၀ ပြည့်နှစ် မတ်လက   ကပ်ရောဂါအဖြစ် ကြေညာချက်ထုတ်ပြန်လိုက်တဲ့ နှစ်နှစ် မြောက် နှစ်ပတ်လည်နေ့ရောက်တော့ မယ့်အချိန်မှာ ဗြိတိန်နဲ့ ဒိန်းမတ်ကဲ့သို့ သောနိုင်ငံတွေဟာ ကိုဗစ်-၁၉ တရားဝင် ကန့်သတ်ချက်တွေကို    ရုပ်သိမ်းခဲ့ပါ တယ်။    အမေရိကန်ပြည်နယ်အတော် များများမှာ     ပါးစပ်နှာခေါင်းစည်းနဲ့ တခြား ကိုဗစ်-၁၉   စည်းမျဉ်းတွေကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ပါတယ်။ 
ကမ္ဘာတစ်ဝန်း        ကူးစက်မြန်  မပြင်းထန်တဲ့     အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့ခဲ့သော်လည်း သေဆုံးနှုန်း ကျဆင်းလာတဲ့အချိန်မှာ  ဗြိတိန်ဝန်ကြီး ချုပ် ဘောရစ်ဂျွန်ဆင်က အခုလို ကိုဗစ်- ၁၉ ပြောင်းလဲကျင့်သုံးမှုတွေက ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အသားတကျနေထိုင်ဖို့ စတင်သင်ယူလိုက်တာပဲ    ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ 
အခုနှစ်လယ်လောက်မှာ အဆုံးသတ်သွားမယ် 
အကယ်၍    ကမ္ဘာ့လူဦးရေရဲ့  ၇၀ ရာခိုင်နှုန်းလောက်ကို      ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးပေးနိုင်ခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ အခုနှစ် နှစ်လယ်လောက်မှာ အဆုံးသတ် သွားနိုင်တယ်လို့    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ 
ကာကွယ်ဆေးတွေထိုးပေးတဲ့အခါ မှာ အိုမီခရွန်ဗိုင်းရပ်စ်ဟာ သတိပေးတဲ့ ပုံစံမျိုးနဲ့သာမက    စမ်းသပ်မှုပုံစံမျိုးပါ ဖြစ်ပေါ်လာပါတယ်။         ကိုဗစ်-၁၉ ဗိုင်းရပ်စ်တွေ  ကျယ်ပြန့်စွာ   ကူးစက် ဖြစ်ပွားစေတာကြောင့်     နောက်ထပ်  ဗီဇပြောင်းမျိုးစိတ်သစ်တွေကို      ထပ်မံ ဖြစ်စေနိုင်တဲ့    အခွင့်အလမ်းသစ်တွေ ဖြစ်ပေါ်စေပါတယ်။ 
သေဆုံးမှုမဖြစ်စေဘူးလို့ အာမခံချက်မရှိ 
ထပ်မံဖြစ်ပေါ်လာတဲ့     ဗီဇပြောင်း မျိုးစိတ်သစ်တွေဟာ   သေဆုံးမှုမဖြစ် စေဘူးလို့    အာမခံချက်   မရှိပါဘူး။ သေဆုံးမှုတွေ ဒီထက်များကောင်းများလာနိုင်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန် မြို့မှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ထက် နောက်ထပ်ဗီဇပြောင်း မျိုးစိတ်သစ်တစ်မျိုးဖြစ်တဲ့ ဒယ်လ်တာ မျိုးစိတ်သစ်ဟာ   ပိုပြီး  သေဆုံးမှုတွေ ဖြစ်စေခဲ့ပါတယ်။ 
အိုမီခရွန်ဗိုင်းရပ်စ်သစ်ဟာ လက်ရှိ ကိုဗစ်-၁၉      ကာကွယ်ဆေးတွေကို ရှောင်တိမ်းနိုင်ပါတယ်။      ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားလို့ အိုမီခရွန်မကူးနိုင်ဘူးဆိုပြီး ယူဆမရပါ ဘူး။ 
သို့သော်လည်း အလွန်ပြင်းထန်တဲ့ ရောဂါအခြေအနေ  ဖြစ်ပေါ်စေခြင်းနဲ့  သေဆုံးစေခြင်းကိုတော့ ထိရောက်စွာ ကာကွယ်ပေးပါတယ်။   ပုံမှန်အားဖြင့် တော့ အခုအချိန်ခါ  ကမ္ဘာတစ်ဝန်းလုံး မှာ   တတိယအပိုဆောင်း  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေပြီဖြစ်ပါတယ်။ 
စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနေကြပြီ 
အစ္စရေးနဲ့ ဆွီဒင်နိုင်ငံလိုမျိုး တချို့ နိုင်ငံတွေကတော့ စတုတ္ထအကြိမ် အပို ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနေကြပြီဖြစ်ပါတယ်။ သို့သော်လည်း မဆုံးနိုင်တဲ့  အပိုဆောင်း  ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ   ရေတိုနည်း ဗျူဟာတွေဖြစ်လာမှာကို ကျွမ်းကျင်သူ တွေက စိုးရိမ်နေကြပါတယ်။ 
ဇန်နဝါရီလက အစ္စရေးရဲ့ စမ်းသပ်မှု မှာ စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးဟာ   အိုမီခရွန်ကို   ထိရောက်စွာ မကာကွယ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ 
ကမ္ဘာတစ်ဝန်း ဆေးဝါးကုမ္ပဏီကြီး တွေဟာ အိုမီခရွန်ဗိုင်းရပ်စ်ကို ထိရောက် စွာ     ကာကွယ်နိုင်မယ့်    ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ အပြိုင် အဆိုင်ကြိုးစားခဲ့သော်လည်း  တစ်ခုမှ အသုံးပြုနိုင်တဲ့ အခြေအနေရောက်ရှိဖို့ မနီးစပ်သေးပါဘူး။ 
မကြာသေးမီက   ထွက်ပေါ်လာတဲ့ ကနဦးစမ်းသပ်မှုရလဒ်အများအပြားကို ကြည့်ခြင်းအားဖြင့် အရင်ဆေးတွေထက် ထူးခြားပြီး အိုမီခရွန်ဗိုင်းရပ်စ်ကို ထိထိ ရောက်ရောက်  ကာကွယ်နိုင်တဲ့  အခြေ အနေကို မတွေ့ရှိခဲ့ရပါဘူး။ 
အနာဂတ် ကိုဗစ်-၁၉ ကို ကာကွယ်သွားနိုင်မယ် 
အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒန်ရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးအရာရှိချုပ်  အန်တိုနီဖော်စီအပါအဝင်   သုတေသန ပညာရှင်သုံးဦးက     ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ် နိုင်ရေး တိုက်တွန်းထားပါတယ်။ အဲဒီ ကာကွယ်ဆေးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉   ရောဂါကို   အကောင်းဆုံး ကာကွယ်ပေးနိုင်ရုံတင်မက အနာဂတ် မှာဖြစ်ပေါ်စေနိုင်သည့်   သတ္တဝါတွေက တစ်ဆင့် ကူးစက်စေနိုင်တဲ့  ကိုဗစ်-၁၉  ရောဂါတွေကိုပါ   ကာကွယ်ဟန့်တား သွားနိုင်မှာဖြစ်ပါတယ်။ 
ကျယ်ပြန့်ပြီး ကာကွယ်မှုပေးနိုင်တဲ့ ကာကွယ်ဆေးတွေ တိုးတက်ထုတ်လုပ် နိုင်ရေး ဦးစားပေးသွားရမှာဖြစ်ပါတယ် လို့   သုတေသနပညာရှင်တွေက   နယူး အင်္ဂလန်  ဆေးဘက်ဆိုင်ရာဂျာနယ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ 
အခက်အခဲတွေ အများကြီးကျော်ဖြတ်ရမယ် 
သို့သော်လည်း အဲဒီလိုကာကွယ်ဆေး ကို ထုတ်လုပ်နိုင်ဖို့ဆိုတာ အခက်အခဲ တွေ အများကြီး ကျော်ဖြတ်ရမှာ ဖြစ်ပါ တယ်။ ပထမဆုံးလုပ်ဆောင်ရမှာကတော့ အဲဒီလို  ကာကွယ်ဆေးတွေထုတ်လုပ် နိုင်ဖို့   လူသားတွေနဲ့   စတင်စမ်းသပ် သွားရမှာဖြစ်ပါတယ်။ 
ပြင်းထန်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကို အဆုံးသတ်နိုင်ဖို့ အဲဒီလိုမျိုး ကိုဗစ်-၁၉  ကာကွယ်ဆေး ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် ချမ်းသာတဲ့နိုင်ငံတွေကို   သူ့နိုင်ငံမှာပဲ  အပိုဆောင်းကာကွယ်ဆေးတွေ ထပ်ထိုး တာထက် တခြားနိုင်ငံတွေကို မျှဝေပေး နိုင်ရေး   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လည်း   ကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ 
ကိုးကား - အေအက်ဖ်ပီ