ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်သမားများ၏ ကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်    ဩဂုတ်   ၃ 

 


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စက်ရုံ၊  အလုပ်ရုံများတွင် အလုပ်ရှင်နှင့်  အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက် ၁၀ နာရီ က အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။

 


ထုတ်ပြန်ပေးခဲ့

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု တတိယလှိုင်းကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်များ သတ်မှတ် ကြေညာကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဖြတ်တောက်၍ ပိုမိုထိရောက် စွာကာကွယ်နိုင်ရေး   ဆောင်ရွက်လျက်ရှိပါကြောင်း၊   ယင်းအလုပ် ပိတ်ရက်များတွင် စက်ရုံ၊ အလုပ်ရုံများ မလည်ပတ်နိုင်ပါက  အလုပ်ရှင် များ ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်နိုင်သကဲ့သို့ အလုပ်သမားများလည်း အလုပ်လက်မဲ့ဖြစ်ကာ ထိခိုက်မှုများရှိနိုင်သည့်အတွက် စက်ရုံ၊  အလုပ်ရုံ များအနေဖြင့် အစိုးရရုံးပိတ်ရက် သတ်မှတ်ချက်များနှင့် သက်ဆိုင်ခြင်း မရှိဘဲ လုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်အစိုးရက  ထုတ်ပြန်ပေးခဲ့ ပါကြောင်း။

 


ယခု အစည်းအဝေးတွင် အလုပ်သမားများအနေဖြင့်  လက်ရှိ ကြုံတွေ့ခံစားရသည့်   အခက်အခဲများကို    ဆွေးနွေးတင်ပြသကဲ့သို့ အလုပ်ရှင်များ၏ အခက်အခဲကြားမှ  ဆောင်ရွက်ပေးမှုများကိုလည်း  ကြည့်ရှုပေးရန်လိုအပ်ပါကြောင်း၊ အလုပ်ရှင်များဘက်ကလည်း  စက်ရုံ၊  အလုပ်ရုံများ စွမ်းအားပြည့် ပုံမှန်လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင်ပျော်ရွှင်စေရေးတို့အတွက် ဖော်ဆောင်ဖန်တီး ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများသည် တစ်ဖက်သတ်မကြည့်ဘဲ တစ်ဖက်နှင့်တစ်ဖက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ မျှမျှတတမြင်အောင်ကြည့်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ အလုပ်ရှင်  နှင့် အလုပ်သမားများ၏ အမှန်တကယ် ဖြည့်ဆည်းပေးရန် လိုအပ်ချက် များကို အပြန်အလှန် ညှိနှိုင်းသုံးသပ်ကာ မိမိတို့  ဝန်ကြီးဌာနအနေဖြင့် ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသူများအနေဖြင့် လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် အလုပ်ရှင်နှင့်အလုပ်သမားများ၏ ကြုံတွေ့နေရသည့် အခက်အခဲ များအား   ပွင့်ပွင့်လင်းလင်းဆွေးနွေးကာ   အကောင်းဆုံးအဖြေရှာ၍  ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်   တိုက်တွန်းပါကြောင်း  ရှင်းလင်း ပြောကြားသည်။ 

 


ဆက်လက်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာကြသည့်  အလုပ်သမား၊ အလုပ်ရှင်နှင့် စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံခံစားနေရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို  အသီးသီး  ရှင်းလင်းဆွေးနွေး  တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး  ကိုဗစ်-၁၉  ကပ်ရောဂါကို အားလုံးက အတူတကွလက်တွဲကျော်ဖြတ်ရင်း နိုင်ငံ၏ ထုတ်ကုန်စွမ်းအားမြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရေး မှာကြားခဲ့ကြောင်း သိရသည်။                          

 

သတင်းစဉ်