ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိတ်ချ်အိုင်ဗွီ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတို့တွင် ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်

 

ကေကေစိုး

ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၌ အိတ်ချ်အိုင်ဗွီ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတို့ကိုတိုက်ဖျက်ရာတွင် ကြီးမားသည့်ပျက်စီးမှု ဖြစ်ပေါ်စေသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က စက်တင်ဘာ ၈ ရက်တွင် ပြောသည်။
ပြောင်းလဲသွားခဲ့ 
ပြီးခဲ့သည့်  ဆယ်စုနှစ်နှစ်ခုအတွင်း   အိတ်ချ် အိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားရောဂါတို့ကို တိုက်ဖျက်ရာ၌ အောင်မြင်မှုများပေးနိုင်မည့်    အကြောင်းအရာများ ပါဝင်သည့် အစီရင်ခံစာကို အာရုံစိုက်ရန် မျှော်လင့် ခဲ့ကြသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အကြိမ် ၂၀ မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏   အမှုဆောင် ဒါရိုက်တာ ပီတာဆန်းဒ်က ပြောသည်။ သို့သော် လည်း ၂၀၂၀ ပြည့်နှစ်တွင်မူ   အာရုံစိုက်ရသည့်   အကြောင်းအရာမှာ ပြောင်းလဲသွားခဲ့သည်။ 
ပျက်စီးဆုံးရှုံးမှု များစွာဖြစ်ပေါ်ခဲ့
ကိုဗစ် - ၁၉ ထပ်မံဖြစ်ပွားလာမည်ကို ကြောက်ရွံ့ နေရသည်ဟု  ၎င်းက  ပြောသည်။  ကိုဗစ် - ၁၉ ကပ် ရောဂါကြောင့် အိတ်ချ်အိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျား ရောဂါတိုက်ဖျက်ရေးများ အဖွဲ့ကြီးမှ  အကူအညီပေး နေသည့် အသိုက်အဝန်းများတွင် ပျက်စီးဆုံးရှုံးမှု များစွာ    ဖြစ်ပေါ်ခဲ့ရသည်။    နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏သမိုင်းတွင်  ပထမဆုံးအကြိမ်အဖြစ်  အဓိက   အစီအစဉ်ရလဒ်များ ရှေ့ဆက်မတိုးနိုင်ဘဲ  နောက်သို့ ပြန်ကျသည့် ဖြစ်ရပ်ဖြစ်ပေါ်ခဲ့သည်။
သိသိသာသာကျဆင်းလာ 
အိတ်ချ်အိုင်ဗွီ  ဆေးစစ်ပေးမှုများနှင့်  ကြိုတင် ကာကွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် သိသိ သာသာ  ကျဆင်းလာခဲ့သည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က   ပြောသည်။  ၂၀၁၉  ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ၂၀၂၀ ပြည့်နှစ်၌  အိတ်ချ်အိုင်ဗွီ ကာကွယ်ခြင်းနှင့် ကုသမှုလုပ်ဆောင်ပေးခြင်းတို့မှာ  ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အိတ်ချ်အိုင်ဗွီ  ရှိ မရှိ ဆေးစစ်ပေးမှုမှာ ၂၂ ရာခိုင်နှုန်းကျဆင်းခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ  ကိုဗစ် - ၁၉ ကူးစက်မှုများရှိ နေသော်လည်း အိတ်ချ်အိုင်ဗွီကူးစက်ခံရပြီးနောက် အသက်ကယ်ကုထုံး    ကုသမှုခံယူသူ  အရေအတွက် မှာ ၈ ဒသမ ၈ ရာခိုင်နှုန်းတိုးလာခဲ့သည်။ 
တီဘီရောဂါတိုက်ဖျက်ရေးတွင်လည်း သက်ရောက် မှုရှိ 
ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများ ကြောင့် တစ်ကမ္ဘာလုံးအနှံ့ တီဘီရောဂါတိုက်ဖျက် ရေးတွင်လည်း  ဆိုးကျိုးများ  သက်ရောက်ခဲ့ရသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ရင်းနှီးမြှုပ်နှံထားသည့်နေရာတွင် တီဘီရောဂါ ကုသမှုခံယူနေသူ လူ အရေအတွက်မှာ ၁၉ ရာခိုင်နှုန်းကျဆင်းသွားသည်။ ဆေးယဉ်ပါးတီဘီရောဂါကုသမှု ခံယူနေသူ  အရေ အတွက်မှာလည်း ၃၇ ရာခိုင်နှုန်းကျဆင်းသွားသည် ဟု အစီရင်ခံစာအရ သိရသည်။ ၂၀၂၀ ပြည့်နှစ်တွင် လူပေါင်း ၄ ဒသမ ၇  သန်းဝန်းကျင်မှာ  တီဘီရောဂါ ကုသမှုခံယူနေပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် တစ်သန်းလျော့ကျသွားသည်ဟု   ရန်ပုံငွေအဖွဲ့၏ တွက်ချက်မှုအရသိရသည်။ 
သုံးရာခိုင်နှုန်းတိုးတက်မှုရှိ 
ကိုဗစ် - ၁၉ ကြောင့် ငှက်ဖျားရောဂါတိုက်ဖျက် ရေးတွင်လည်း ဆိုးကျိုးသက်ရောက်မှုများ ရှိသော် လည်း    အိတ်ချ်အိုင်ဗွီနှင့်   တီဘီရောဂါတို့ကဲ့သို့ သက်ရောက်မှု မများပေ။ ဒေသတွင်းအဖွဲ့အစည်းများ ၏ ဇွဲလုံ့လတို့ဖြင့် ကြိုးစားမှုကြောင့် ငှက်ဖျားရောဂါ ကာကွယ်ရေးလှုပ်ရှားမှုများမှာ  ၂၀၁၉ ခုနှစ်ကနှင့် နှိုင်းယှဉ်လျှင်  တည်ငြိမ်မှုရှိသည်ကို တွေ့ရသည်။  ခြင်ထောင်ဖြန့်ဝေပေးမှုမှာလည်း လူပေါင်း ၁၈၈ သန်းဆီ ဖြန့်ဝေပေးနိုင်ခဲ့ပြီး အိမ်တွင်းဆေးပက်ဖျန်း မှု လုပ်ငန်းများမှာလည်း သုံးရာခိုင်နှုန်းတိုးတက်မှု ရှိသည်။ 
ကုသမှုပေးနိုင်ခဲ့ 
မည်သို့ပင်ဆိုစေကာမူ   နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့သည်    အစိုးရများ၊   အေဂျင်စီများ၊ မိတ်ဖက်များ၊ လူမှုအဖွဲ့အစည်းအုပ်စုများနှင့်အတူတကွ လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် အဖွဲ့ကြီးသည် အိတ်ချ်အိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတို့အတွက်    နိုင်ငံအများအပြားသို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်း ဖြန့်ဝေပေးနိုင် ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကိုဗစ် - ၁၉ တိုက်ဖျက်ရေး အတွက်လည်း   နောက်ထပ်ရန်ပုံငွေ   သန်း  ၉၈၀ ဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်သည်။    တီဘီလူနာများနှင့် ထိတွေ့မှုရှိသည့် ကလေးငယ်ပေါင်း ၁၉၄၀၀၀ ကို လည်း ၂၀၂၀ ပြည့်နှစ်အတွင်း ကာကွယ်ပေးမှုပြုလုပ်ပေးနိုင်ခဲ့သည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်တွင် တီဘီ လူနာ ၄ ဒသမ ၇ သန်းကို ကုသမှုပေးနိုင်ခဲ့သည်။ 
အတိအကျမသိရသေး 
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင်   အေအိုင်ဒီ အက်စ်နှင့်  တီဘီရောဂါတို့ကြောင့်  သေဆုံးသည့် ဦးရေသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသည့် ဦးရေထက်ပင် အရေအတွက်များနိုင်ကြောင်း ဂျီနီဗာ အခြေစိုက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြီးက ပြောသည်။  အဆိုပါအဖွဲ့ကြီး၏  ၂၀၂၀  ပြည့်နှစ် အတွက် အစီရင်ခံစာကို  စက်တင်ဘာ  ၈  ရက်တွင် ထုတ်ပြန်ခဲ့ပြီး  အချို့သောဆင်းရဲသည့် နိုင်ငံများတွင်  အေအိုင်ဒီအက်စ်နှင့် တီဘီရောဂါတို့ကြောင့် သေဆုံး သူ အရေအတွက်ကို အတိအကျ မသိရသေးကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏    အမှုဆောင် ဒါရိုက်တာ ပီတာဆန်းဒ်က ပြောသည်။ 
အဓိကအလှူရှင် 
အာဖရိကဒေသအချို့တွင်  အေအိုင်ဒီအက်စ်နှင့် တီဘီရောဂါတို့ကြောင့် သေဆုံးသူအရေအတွက်မှာ ကိုဗစ် - ၁၉  ကြောင့်     သေဆုံးရသည်ထက်ပင် များပြားနိုင်ဖွယ်ရှိသည်ဟု   ၎င်းက   ပြောသည်။ ဂျီနီဗာအခြေစိုက် နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ကြီးသည်  တီဘီ၊ ငှက်ဖျားနှင့် အေအိုင်ဒီအက်စ် ရောဂါတို့ကို တိုက်ဖျက်ရန် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ   လေးဘီလီယံ         ရင်းနှီးမြှုပ်နှံခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှာ  အဓိကအလှူရှင်ပင် ဖြစ်သည်။ 
အဟန့်အတားများဖြစ်ပေါ်
ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများ  ပြုလုပ်ရခြင်း၊ အိန္ဒိယနှင့် အာဖရိကတစ်လွှား   နိုင်ငံများတွင်    တီဘီရောဂါ အတွက်   တာဝန်ချထားသည့်   ဝန်ထမ်းများနှင့် ဆေးခန်းများမှာ ကိုဗစ် - ၁၉ အတွက်  ဆေးစစ်ကုသရာ နေရာများဖြစ်သွားခြင်းတို့ကြောင့်လည်း အနှောင့် အယှက်   အဟန့်အတားများ  ဖြစ်ပေါ်ခဲ့ရသည်။ ယခုနှစ်တွင်လည်း ဗီဇပြောင်းဒယ်လ်တာကူးစက်မှု များကြောင့် နောက်ထပ်အတားအဆီးအဟန့်အတား များ   ဆက်လက်ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်ဟု ၎င်းက ပြောသည်။
အခြားသောရောဂါများကို ကုသပေးနိုင်စွမ်းကျဆင်း 
 ကိုဗစ် - ၁၉ ကူးစက်မှုများကြောင့်   အခြားသော ရောဂါများကို ကုသမှုပေးရာတွင်  ကုသပေးနိုင်စွမ်း ကျဆင်းလာခဲ့ရသည်။  နိုင်ငံတကာငွေကြေးရန်ပုံငွေ  အဖွဲ့ကို ၂၀၀၂ ခုနှစ်တွင်  စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး လူ့အသက်ပေါင်း ၄၄ သန်းကို ကယ်တင်ခဲ့ပြီး ဖြစ်ကာ ၎င်းတို့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့်နိုင်ငံ များတွင် အိတ်ချ်အိုင်ဗွီ၊ ငှက်ဖျားနှင့် တီဘီရောဂါတို့ ကို  ၄၆ ရာခိုင်နှုန်း ကျဆင်းသွားအောင် လုပ်ဆောင် ပေးနိုင်ခဲ့သည်။ 
တစ်ကမ္ဘာလုံးနှင့်       ဒေသတွင်းအဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ၊ တီထွင်ဆန်းသစ်မှုများ  ဆက်လက်လုပ်ဆောင်ခြင်းဖြင့်  အိတ်ချ်အိုင်ဗွီ၊ တီဘီ နှင့် ငှက်ဖျားရောဂါတို့ကို အဆုံးသတ်နိုင်သည့်အပြင် ကိုဗစ် - ၁၉  ကိုပါ   တိုက်ဖျက်နိုင်ကာ   ကပ်ရောဂါ ကာကွယ်ရေးအတွက်   ခိုင်မာမှုရှိသည့်   အခြေခံ အုတ်မြစ်ကို ချမှတ်နိုင်မည်ဖြစ်သည်ဟု ၎င်းက ပြော သည်။       ။                     ကိုးကား -          အေအက်ဖ်ပီ