ကိုဗစ်-၁၉ ကပ်ရောဂါ၏ ထိခိုက်မှုများမှ ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်ချက်အခြေအနေများ ဆွေးနွေး

နေပြည်တော်  စက်တင်ဘာ  ၁၄


ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ (၅၄) ကြိမ်မြောက် အရှေ့အာရှနှင့်  ပစိဖိတ်ကော်မရှင်   အစည်းအဝေး (Commission for East Asia & Pacific(CAP)54th Meeting) နှင့် (၃၃) ကြိမ်မြောက် အရှေ့အာရှ ပစိဖိတ် ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲ ကော်မရှင်အစည်းအဝေး 33rd Commission for East Asia & the Pacific (CAP)-Commission for South Asia (CSA)Joint Meeting အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် Virtual ဖြင့်     ကျင်းပရာ ဟိုတယ်နှင့်     ခရီးသွားလာရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အွန်လိုင်း မှ ပါဝင်တက်ရောက်သည်။


တက်ရောက်


အစည်းအဝေးများသို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)၏  အရှေ့အာရှနှင့်  ပစိဖိတ် ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများနှင့် တောင်အာရှနိုင်ငံ များမှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊      မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးများတွင် မလေးရှားနိုင်ငံ ခရီးသွားလုပ်ငန်း၊     အနုပညာနှင့်  ယဉ်ကျေးမှု ဝန်ကြီးဌာနမှ    Deputy Secretary General ဖြစ်သူ Mr. Mohd Zamri bin Mat Zain က သဘာပတိအဖြစ် ဆောင်ရွက်ကာ   မော်လ်ဒိုက်နိုင်ငံ   ခရီးသွားလုပ်ငန်း ဝန်ကြီး H.E Dr. Abdulla Mausoom က ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး (၅၄)ကြိမ်မြောက် အရှေ့အာရှနှင့် ပစိဖိတ်ကော်မရှင်အစည်းအဝေးတွင် (၂၄) ကြိမ်မြောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေညီလာခံကျင်းပရေး အဖွဲ့အစည်းများအား သတ်မှတ်ခြင်းနှင့် မဲပေးရွေးချယ်ခြင်း၊ ၂၀၂၂ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကျင်းပမည့်      တရားဝင် အိမ်ရှင်နိုင်ငံအား    ရွေးချယ်ခြင်းတို့   ဆောင်ရွက် ကြသည်။ 


ဆွေးနွေးတင်ပြ


ဆက်လက်၍ (၃၃) ကြိမ်မြောက်  အရှေ့အာရှ နှင့် ပစိဖိတ်ကော်မရှင်နှင့် တောင်အာရှကော်မရှင် ပူးတွဲအစည်းအဝေးကို  ကျင်းပရာ  ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO)၏     အထွေထွေ အတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း     ခရီးသွား လုပ်ငန်းဆိုင်ရာ အခြေအနေများ၊ ကပ်ရောဂါအလွန် တွင်    ဆောင်ရွက်သင့်သည့်    လုပ်ငန်းများနှင့် အထူးသဖြင့် ကျေးလက်အခြေပြုခရီးသွားလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ များကို ဆွေးနွေးတင်ပြပြီးနောက် အဖွဲ့ဝင်နိုင်ငံများက နည်းပညာ အထောက်အပံ့ပေးရေးဆိုင်ရာ စီမံကိန်း အခြေအနေ၊  ကမ္ဘာလှည့်ခရီးသွားများကို  အကာ အကွယ်ပေးရေးဆိုင်ရာ      နိုင်ငံတကာကျင့်ဝတ် (မူကြမ်း) ရေးဆွဲဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ထိခိုက်မှုများမှ  ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးဆိုင်ရာ    ဆောင်ရွက်ချက် အခြေအနေများကို ဆွေးနွေးကြသည်။ 

အစည်းအဝေးတွင်     ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည်  UNWTO  အဖွဲ့ဝင်နိုင်ငံဖြစ်သည် နှင့်အညီ အခြားနိုင်ငံများနှင့်အတူ ခရီးသွားလုပ်ငန်း ဆိုင်ရာ  လှုပ်ရှားမှုများတွင်  ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်     ဆိုးရွားစွာထိခိုက်ခဲ့ရာ  နိုင်ငံတော်အစိုးရအနေဖြင့်လည်း  ကိုဗစ်-၁၉ ကြောင့်   ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများ   ပြန်လည် ထူထောင်နိုင်ရေးအတွက်      ၂၀၂၀ ပြည့်နှစ်တွင်   Myanmar Economic Recovery Plan ကို ရေးဆွဲ ခဲ့ပြီး စီးပွားရေးဆိုင်ရာ  အထောက်အပံ့များကိုလည်း  အကူအညီပေးခဲ့ကြောင်း၊    ဝန်ကြီးဌာနအနေဖြင့် UNWTO ၏ Guide Line များနှင့်အညီ    Myanmar Tourism Strategic Recovery Roadmap (2021-2025)ကို  ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း။ 


ပြည်တွင်း  ပြည်ပ   ခရီးသွားဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ    တည်းခိုနိုင်ရေးနှင့် ဝန်ဆောင်မှုရယူနိုင်ရေးတို့အတွက်  ဟိုတယ်နှင့် ခရီးသွားကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများအား Local၊ National နှင့် International  အဆင့် သုံးဆင့်ခွဲ၍  ကျန်းမာရေးနှင့်ညီညွတ်သော ဝန်ဆောင်မှုများ (Safe Services) ပေးအပ်ရေးနှင့် Certificate များ ထုတ်ပေး နိုင်ရန်အတွက် Enchanting Myanmar Health and Safety Protocols ကို     ရေးဆွဲပြီး     ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်မည့်  ခရီးသွား ဧည့်သည်များအား ယုံကြည်စိတ်ချရသည့် သတင်း အချက်အလက်များ ပံ့ပိုးပေးနိုင်ရန်နှင့်  မြန်မာနိုင်ငံ၏ ရှိရင်းစွဲနှင့်  ပေါ်ထွန်းလာမည့် ခရီးစဉ်ဒေသများကို အဓိကခရီးသွားဈေးကွက်နိုင်ငံများမှ     ခရီးသွား ဧည့်သည်များ   သိရှိလာရောက်လည်ပတ်စေရေး အတွက် Digital Marketing Channel များမှတစ်ဆင့် မြှင့်တင်ကြော်ငြာလျက်ရှိကြောင်း၊   မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်းအား       ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်သို့       တစ်ဆင့်ပြီးတစ်ဆင့်  ပြန်လည်ဖွင့်လှစ်သွားရန် ဆောင်ရွက်လျက်ရှိသည် တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။        

 သတင်းစဉ်