
ဂျီနီဗာ စက်တင်ဘာ ၂၃
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ်အို)က ကိုဗစ်-၁၉ ဆန့်ကျင်တိုက်ဖျက်မှုများအပေါ် အားရကျေနပ် မှု မရှိစေရန်၊ ဆက်လက်ဖြစ်ပွားနေသောကပ်ရောဂါမှ ကျန်းမာရေးနှင့် စီးပွားရေးပျက်စီးမှုများကို ကာကွယ်ရန်နှင့် ပြည်သူများ၏အသက်များကိုကယ်တင်ရန် နိုင်ငံရေးကတိကဝတ်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် တိုက်တွန်းလိုက်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် မပြီးဆုံးသေး ကြောင်း၊ သို့သော်လည်း ကပ်ရောဂါအဆုံးသတ်သည် မိမိတို့မျက်မှောက်ရှေ့တွင် ရောက်ရှိနေပြီဖြစ် ကြောင်း၊ ကပ်ရောဂါအဆုံးသတ်ကို တွေ့မြင်ခြင်း သည် အားလုံးပြီးဆုံးသွားပြီဟု မဆိုလိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒါနွမ်ဂီဘရီယက်စ်ဆုစ်က စက်တင်ဘာ ၂၃ ရက်က ပြောကြားလိုက်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် တစ်ပတ်လျှင် သေဆုံးသူ ၁၀၀၀၀ ကျော်အထိ ဖြစ်ပေါ်လျက် ရှိသေးကြောင်း၊ အထူးသဖြင့် ဝင်ငွေနည်းနိုင်ငံများ နှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများ၌ ကာကွယ်ဆေးကွာဟမှု ကြီးမားနေသေး ကြောင်း တက်ဒရော့စ်က သတိပေးပြောကြားလိုက် သည်။
လူတိုင်းလူတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းဝေးအောင် အခြေခံနည်းလမ်းများကို လိုက်နာ ကျင့်သုံးနေထိုင်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ကင်းဝေး စေမည့် အခြေခံနည်းလမ်းများမှာ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင် ခြင်း၊ လေဝင်လေထွက်ကောင်းအောင် လုပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကိုဗစ်-၁၉ စမ်းသပ် စစ်ဆေးခြင်း၊ သတင်းပေးကုသမှုခံယူခြင်းတို့ ဖြစ် ကြောင်း ဒဗလျူအိတ်ချ်အိုအကြီးအကဲက ပြော ကြားလိုက်သည်။
ဆင်ဟွာ