
ဝါရှင်တန် မေ ၁၀
ကိုဗစ် - ၁၉ ကပ်ဘေးသင့်ချိန်မှစကာ အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ် ၁၃ သန်းကျော် ကိုဗစ်-၁၉ စမ်းသပ်တွေ့ရှိ ခဲ့ကြောင်း အမေရိကန်ကလေးဆေးပညာနှင့် ကလေးဆေးရုံများအဖွဲ့၏ နောက်ဆုံးဖော်ပြ ချက်အရ သိရသည်။
မေ ၅ ရက်တွင် အဆုံးသတ်ခဲ့သော ရက် သတ္တပတ်အထိ နောက်ထပ် ကလေးငယ်ပေါင်း ၆၂၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခဲ့ သည်။ ကလေးများ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် လွန်ခဲ့သော သီတင်းပတ် နှစ်ပတ်ကထက် ၆၉ ရာခိုင်နှုန်း တိုးလာ ကြောင်း မေ ၉ ရက်နှောင်းပိုင်းတွင် ထုတ်ပြန် ခဲ့သော အမေရိကန်ကလေးဆေးပညာနှင့် ကလေးဆေးရုံများအဖွဲ့၏ နောက်ဆုံးဖော်ပြ ချက်အရ သိရသည်။
အမေရိကန်ပြည်ထောင်စု၌ ကလေးများ တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် သီတင်း ပတ်လေးပတ်ဆက်တိုက် တိုးလာခဲ့သည်။
လွန်ခဲ့သော သီတင်းပတ်လေးပတ်က ကိုဗစ်-၁၉ထပ်မံကူးစက်ဖြစ်ပွားသော ကလေး ငယ်ပေါင်း ၁၈၆၀၀၀ ခန့် တိုးလာခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သော ကလေးငယ်ပေါင်း ၅ ဒသမ ၂ သန်း နီးပါးအထိ ရှိလာကြောင်း အစီရင်ခံစာအရ သိရသည်။
နောက်ထပ် ကိုဗစ်-၁၉ မျိုးစိတ်သစ်နှင့် ဆက်စပ်လျက်ရှိသော ပြင်းထန်သောဖျားနာမှု များကို အကဲဖြတ်ရန်၊ နောက်ထပ် အသက် အပိုင်းအခြား အသေးစိတ်အချက်အလက်များ ကို စုဆောင်းရန် အရေးတကြီးလိုအပ်လျက် ရှိကြောင်း အမေရိကန်ကလေးဆေးပညာနှင့် ကလေးဆေးရုံများအဖွဲ့က ပြောကြားလိုက် သည်။ ဆင်ဟွာ