ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက်ခဲ့ရပြီး နိုင်ငံရေးအဖျက်အမှောင့်လုပ်ရပ်များကိုလည်း ရင်ဆိုင်ဖြေရှင်းနေရသည့်အတွက် နိုင်ငံတော်၏ ရငွေ၊ သုံးငွေများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် အလွန်အရေးကြီး

နေပြည်တော်   စက်တင်ဘာ   ၂၂


ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့   ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊        ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့            

 

r ရှေ့ဖုံးမှ


ဝန်ကြီးချုပ်များက   Video Conferencing  စနစ်ဖြင့်   ချိတ်ဆက် တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ   (၆) လအတွက်    ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏   ဘဏ္ဍာငွေအရအသုံးဆိုင်ရာ  ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ကြောင်း။
ဖွဲ့စည်းပေးခဲ့


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းပေး ခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း။


မိမိတို့အနေဖြင့်  နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူ ထိန်းသိမ်းခြင်းဖြစ်သော်လည်း   နိုင်ငံတော်အစိုးရတစ်ရပ်အနေဖြင့် ပြည်သူတို့၏လူမှုစီးပွားဘဝများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏ မူဝါဒများအဖြစ် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို   ချမှတ်ထားပြီးဖြစ်ကြောင်း၊    အစိုးရတစ်ရပ်အနေဖြင့် မိမိတို့၏ မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုကိုလည်း ကောင်းမွန်ထိရောက်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု (Public Financial Management) စနစ်ဆိုသည်မှာ   နိုင်ငံတော်၏   ရငွေများ၊ အခွန် အကောက်စနစ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသုံးစရိတ်နှင့် အုပ်ချုပ် ရေးဆိုင်ရာ အသုံးစရိတ်များ၊ ကြွေးမြီစီမံခန့်ခွဲမှုများ စသည်ဖြင့် စုပေါင်း ပါဝင်သည့်စနစ်ပင် ဖြစ်ကြောင်း။ 


ထို့ကြောင့် မိမိတို့ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ရငွေများတိုးတက်ရရှိရေးအတွက် ကြိုးပမ်းကြ ရမည်ဖြစ်ပြီး အသုံးစရိတ်များကိုလည်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့  စနစ်တကျခွဲဝေသုံးစွဲသွားကြရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) ပါ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရ အသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
လယ်ယာစိုက်ပျိုးရေးကို   အခြေခံသည့်   မိမိတို့နိုင်ငံအနေဖြင့် ဘဏ္ဍာရေးနှစ်သည် ဧပြီလမှ မတ်လအထိ  သတ်မှတ်ခြင်းသည် ပိုမို သင့်လျော်မှုရှိခြင်းကြောင့် ဘဏ္ဍာရေးနှစ်ကို  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေး နှစ်ကစပြီး ဧပြီလ ၁ ရက်မှ မတ်လ  ၃၁ ရက်အထိ ပြောင်းလဲပြင်ဆင် သတ်မှတ်သွားမည်ဖြစ်သည့်အတွက် ကူးပြောင်းချိန်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ (၆) လတာကာလအတွက်   ဌာန၊ အဖွဲ့အစည်း များ၏    အရအသုံးခန့်မှန်းခြေငွေစာရင်းကို    ရေးဆွဲဆောင်ရွက်ရခြင်း ဖြစ်ကြောင်း။


အခွန်ဝင်ငွေများ ကျဆင်းခဲ့ရ


လက်ရှိကာလသည်    ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက်ခဲ့ရပြီး  နိုင်ငံရေးအဖျက်အမှောင့် လုပ်ရပ်များကိုလည်း ရင်ဆိုင်ဖြေရှင်းနေရသည့်အတွက် နိုင်ငံတော်၏ ရငွေ၊ သုံးငွေများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် အလွန်အရေးကြီး ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက်ရငွေများ၊ အခြားရငွေများကို ကင်းလွတ်ခွင့်ပြုခြင်း၊ ရွှေ့ဆိုင်းပေးခြင်း အစရှိသည့် ဖြေလျှော့ပေးခဲ့ရမှုများကြောင့် အခွန်ဝင်ငွေများ ကျဆင်းခဲ့ရသကဲ့သို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏    ဝင်ငွေလည်း   ကျဆင်းခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အသုံးစရိတ်များကို ခြိုးခြံချွေတာ၍ စိစစ်သုံးစွဲကြ ရမည်ဖြစ်ပြီး သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များကိုမူ မဖြစ်မနေ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။


ငွေလုံးငွေရင်းအသုံးစရိတ်များ သုံးစွဲရာတွင် အမျိုးသားစီမံကိန်း ဥပဒေနှင့်အညီ  (၆)လတာကာလအတွင်း ပြီးစီးနိုင်မည့် ဆောင်ရွက်ဆဲ တည်ဆောက်ရေးလုပ်ငန်းများ၊ လုပ်ငန်းသစ်များ၊  မဖြစ်မနေလိုအပ်သည့် ပစ္စည်းဝယ်ယူခြင်းများကို ထိထိရောက်ရောက်ဖြစ်အောင် သုံးစွဲကြ ရန်လိုကြောင်း၊ (၆) လတာကာလအတွက်သာဖြစ်သဖြင့် ရန်ပုံငွေသုံးစွဲ နိုင်မည့်အချိန်ကိုလည်း   သတိပြုကြရမည်ဖြစ်ကြောင်း၊    ထို့အပြင် ပြည်တွင်းကျပ်ငွေဖြင့် ဝယ်ယူနိုင်သည့် ပစ္စည်းများကို ပြည်တွင်းကျပ်ငွေ ဖြင့်သာ ဝယ်ယူပြီး နိုင်ငံခြားသုံးငွေသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချရန် မှာကြားလိုကြောင်း။


ဦးစားပေး ထိထိရောက်ရောက်သုံးစွဲ


တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့်   အုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်များထက် ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်မည့် လမ်း၊ ရေ၊ လျှပ်စစ်မီးအသုံးစရိတ်များ၊ ကုန်ထုတ်လုပ်မှုအသုံးစရိတ်များ၊ ပညာရေး၊   ကျန်းမာရေးဆိုင်ရာ  အသုံးစရိတ်များ၊ လူမှုကာကွယ် စောင့်ရှောက်ရေး အသုံးစရိတ်များကို ဦးစားပေးပြီး ထိထိရောက်ရောက် သုံးစွဲကြစေလိုကြောင်း။


ဌာန၊ အဖွဲ့အစည်းများအနေဖြင့် (၆)လတာ ကာလအတွင်း ထိထိ ရောက်ရောက် အကျိုးရှိရှိသုံးစွဲနိုင်မည့် အသုံးစရိတ်များကိုသာ ဘဏ္ဍာ ငွေ အလေအလွင့် မရှိစေဘဲ ကျစ်ကျစ်လျစ်လျစ် သုံးစွဲကြရန်မှာကြားလို ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါတွင် နိုင်ငံတော်၏ ဘဏ္ဍာရေး မူဝါဒ၊ စီမံကိန်းမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒအစ ရှိသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများက အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့်    တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဒေသန္တရစီမံကိန်းများဖြင့် အထောက်အကူပြု ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တင်ပြလာသော အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့် ဆောက်လုပ် ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ  ငွေလုံးငွေရင်းအသုံးစရိတ်များကို အသေးစိတ်စိစစ်ခဲ့မှုအခြေအနေများ၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့ အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိ သူများနှင့် ချိတ်ဆက်တွေ့ဆုံပြီး ဘဏ္ဍာငွေအရအသုံး လျာထားချက်များ စိစစ်ခဲ့မှု၊ ယခင် ခန့်မှန်းခြေစာရင်းများအပေါ် အခြေခံ၍ ယခု (၆)လ အတွက် လျားထားသည့် ရငွေ၊ သုံးငွေများကို စိစစ်ခဲ့မှုအခြေအနေများ၊ ယာယီရပ်ဆိုင်းထားသော နိုင်ငံပိုင်စက်ရုံများကို မူဝါဒနှင့်အညီ ပြန်လည် လည်ပတ်နိုင်ရေးအတွက်   အသုံးစရိတ်များ လျာထားပေးခဲ့မှုအခြေ အနေများ၊ သဘာ၀ ဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်   အရေးပေါ်ရန်ပုံငွေ လျာထားပေးခဲ့မှုအခြေအနေများ၊ ပြည်သူများ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ ငွေများ တစ်နှစ်ထက်တစ်နှစ် ပိုမိုထောက်ပံ့ပေးနိုင်ခဲ့မှုနှင့် ယခု (၆)လအတွက် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းအချုပ် အခြေ အနေများကို  ဆွေးနွေးပြောကြားသည်။


ယင်းနောက်   ဘဏ္ဍာရေးဆိုင်ရာကော်မရှင်   အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ  (၆)လအတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့်အချက်များကို  အကြံပြု ဆွေးနွေးတင်ပြသည်။
အဓိကဆောင်ရွက်ရ


ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြ ချက်များနှင့်စပ်လျဉ်း၍ အစိုးရတစ်ရပ်အနေဖြင့် တိုင်းပြည်သာယာ ၀ပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဆောင်ရွက်ရကြောင်း၊ တစ်ဖက်ကလည်း ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ဖွံ့ဖြိုးရေးအပိုင်းကို ဆောင်ရွက်ရကြောင်း၊ ငွေကြေးကိစ္စနှင့်စပ်လျဉ်း၍ ဝင်ငွေရှာဖွေရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ထုတ်ကုန်တိုးတက်မြင့်မားရေး    ဆောင်ရွက်သွားရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ပြီး ပြည်သူများဝင်ငွေရရှိမှသာ   အခွန်ငွေ ပြည့်ပြည့်၀ဝ ရရှိမည်ဖြစ်ကြောင်း။ 


စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးလည်ပတ်မှုရှိရန် လိုအပ်ကြောင်း၊    ရငွေသုံးစွဲမှုအပိုင်းတွင်   စီးပွားရေးတိုးတက်မှုနှင့် လူမှုရေးတိုးတက်မှုလုပ်ငန်းများအတွက် အဓိကသုံးစွဲရကြောင်း၊ မိမိတို့ နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သော်လည်း အစိုးရတာဝန်ယူရသည့် ကဏ္ဍများ များပြားကြောင်း၊ အခွန်ပေးဆောင်ရန်အတွက် ထုတ်လုပ် သူများအနေဖြင့် တာဝန်သိရန်လိုအပ်ကြောင်း၊ ကြွေးမြီသက်သာခွင့်နှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြု၍ ရှောင်ရှားနေသူ များရှိကြောင်း၊ အခွန်ငွေရရှိမှု လျာထားရာတွင် အမှန်တကယ် ရရှိနိုင် မည့်လမ်းကြောင်းများကို သိရှိရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့် အခွန်ရငွေနှင့် အခွန်နှုန်းများကို ခေတ်ကာလနှင့်လျော်ညီ အောင် ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေလို၍ မဟုတ်ဘဲ ပြည်သူအပေါ်ဝန်ဆောင်မှုဆောင်ရွက်နိုင်ရန်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ ရရှိရန်သာဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့်    ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်   ခွင့်ပြု ရန်ပုံငွေများကို ပြည်သူလူထုအတွက် အသုံးပြုရန်လိုအပ်ကြောင်း၊ မိမိ တို့သည် နိုင်ငံရေးအစိုးရမဟုတ်သော်လည်း ပကာသနကိုလျှော့ချကာ တိုင်းပြည်အတွက် လက်တွေ့အကျိုးရှိပြီး ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမည့်လုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ ဆောင်ရွက်မှုများသည် အစိုးရချမ်းသာရန်မဟုတ်ဘဲ တိုင်းပြည်ချမ်းသာ ရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။      

r စာမျက်နှာ ၃ မှ


တင်ဒါလုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်သင့်ရာ  မလုပ်ဆောင် ကြရန်နှင့်  သတ်မှတ်စည်းမျဉ်းများအတိုင်းသာ   ဆောင်ရွက်ကြရန် လိုကြောင်း၊ ယင်းသို့ မသမာမှုများသည်  တိုင်းပြည်အတွက်  များစွာ နစ်နာကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် ခေတ်နှင့်လျော်ညီပြီး  ကောင်းမွန်ရန်လိုအပ်ကြောင်း၊     ရရှိသည့်ဘဏ္ဍာငွေကို   အကျိုးရှိရှိ အသုံးချရန်နှင့် မလိုအပ်သည့်ပစ္စည်းများ ဝယ်ယူခြင်းများ မပြုလုပ်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ  မိမိတို့တာဝန်ယူရသည့်   ကာလအတွင်း တိုင်းပြည်အတွက်  အကျိုးရှိရှိ  ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။


ဥပဒေပြဋ္ဌာန်းပေးနိုင်ရန် ဆောင်ရွက်ရမည်


ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးတွင်  အတည်ပြုနိုင်ခဲ့သည့်  ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁  ရက်အထိ (၆) လအတွက်  ပြည်ထောင်စု၏  အရအသုံးခန့်မှန်းခြေ ငွေစာရင်း အပါအဝင် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့   ဆက်လက်ပေးပို့တင်ပြပြီး ဥပဒေပြဋ္ဌာန်း ပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


စိုက်ပျိုးရေးနှင့် မွေးမြူရေးကို  အခြေခံသည့်လုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်လာစေရေး၊ စက်ရုံ၊ အလုပ်ရုံများ၊   ကုန်ထုတ်လုပ်ငန်းများ   ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို  ဖန်တီးပေးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးကြရန်  လိုအပ်ပါ ကြောင်း၊  စိုက်ပျိုးရေးနှင့်  မွေးမြူရေးကို   အခြေခံသည့်ထုတ်ကုန်များ အရည်အသွေးပြည့်မီရေးနှင့် ဈေးကွက်ရရှိရေးအတွက် သုတေသန လုပ်ငန်းများကိုလည်း  စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြား လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေးတို့နှင့်ပတ်သက်၍ နိုင်ငံသားတိုင်း  အသိပညာ၊ အတတ်ပညာ မြင့်မားလာစေရန် ပြည်သူများ၏ ပညာရည် မြှင့်တင်ရေး၊    ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ   တိုးတက် ကောင်းမွန်လာရေးတို့အတွက်လည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။ 
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ  အဖွဲ့များအနေဖြင့် ဌာနအတွက် အသုံးစရိတ်များထက် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုနိုင်သည့်  ပညာရေး၊  ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး၊ လျှပ်စစ်မီး၊ လမ်းတံတား၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သောက်သုံးရေနှင့်   စိုက်ပျိုးရေ  လုံလောက်စွာရရှိရေးစသည့် လုပ်ငန်း များကို ဦးစားပေး၍ ထိထိရောက်ရောက် သုံးစွဲကြစေလိုကြောင်း။


သုံးစွဲရန် ခွင့်ပြုထား


ကိုဗစ်-၁၉  ကပ်ရောဂါဆိုင်ရာအသုံးစရိတ်များကို  ယခင်ဘဏ္ဍာ ရေးနှစ် ၂၀၂၀-၂၀၂၁ တွင်လည်း သုံးစွဲခဲ့သကဲ့သို့ ယခု (၆) လ  ဘဏ္ဍာရေး နှစ်တွင်လည်း  ဆက်လက်လျာထားသုံးစွဲရန်  ခွင့်ပြုထားပါကြောင်း၊ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ရန်ပုံငွေကိုလည်း လိုအပ်သလို  ထပ်မံဖြည့်တင်းပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ပြီး  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ   အသုံးစရိတ်လိုအပ်ချက်များ အတွက် ယခု (၆) လ ဘဏ္ဍာရေးနှစ်တွင် အရေးပေါ်ရန်ပုံငွေကျပ် ၅၆  ဘီလီယံအပြင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံငွေတစ်ရပ် ကိုလည်း ကျပ် ဘီလီယံ ၁၀၀ လျာထား၍ သုံးစွဲသွားနိုင်ရန် စီစဉ်ထား ကြောင်း။


ပြည်ပချေးငွေ၊      ပြည်ပအကူအညီရငွေများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာန၊  အဖွဲ့အစည်းများအနေဖြင့်  ဆောင်ရွက်ဆဲ  ချေးငွေ စီမံကိန်းများ၊  ပြည်ပအကူအညီရငွေဖြင့်  ဆောင်ရွက်သည့် စီမံကိန်း များကို ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ  နိုင်ငံ၊ အဖွဲ့အစည်း များနှင့် ညှိနှိုင်းခြင်း၊ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားခြင်း၊ ချေးငွေ၊ ထောက်ပံ့ငွေသစ်များရရှိက နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးပြု- မပြု၊ သက်သာမှု ရှိ-မရှိ၊ နှောင်ကြိုး ရှိ-မရှိတို့ကို စိစစ်ရယူခြင်း၊ ချေးငွေ ရယူထားမှုများအတွက် အရင်း၊ အတိုး ပြန်လည်ပေးဆပ်မှုများကို တာဝန်သိနိုင်ငံတစ်ခုအဖြစ်  မပျက်မကွက်  ပြန်လည်ပေးဆပ်ခြင်းတို့ကို ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း။


နိုင်ငံတော်တွင် ကိုယ်ပိုင်ဘဏ္ဍာငွေ   တောင့်တင်းခိုင်မာလာပါက ပြည်ပချေးငွေ ရယူရမှုလည်း နည်းပါးလာမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေ တောင့်တင်းခိုင်မာရေးအတွက် အခွန်အကောက်ရငွေများ ပြည့်ပြည့်ဝဝ  ရရှိရေးနှင့် သဘာဝသယံဇာတကဏ္ဍမှ ရရှိငွေများ၊ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံ မှုများမှ  ရရှိငွေများ၊  နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏   နိုင်ငံတော်သို့ ထည့်ဝင်ငွေများကို စနစ်တကျစီမံခန့်ခွဲနိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်  ကလည်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး အစိုးရ ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊  သမဝါယမကဏ္ဍတို့ကို  ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အတွက်  အသုံးစရိတ်ကို အတတ်နိုင်ဆုံး ချွေတာခြင်း၊ ပကာသနများ မပြုလုပ်ခြင်း နှင့်   ရသင့်ရထိုက်သည့်    အခွန်များရရှိအောင်   ဆောင်ရွက်ခြင်းသည် တိုင်းပြည်ဘဏ္ဍာရေးအားကောင်းမှုကို များစွာအထောက်အကူဖြစ်စေ မည်ဖြစ်ကြောင်း။


နိဂုံးချုပ်အနေဖြင့်   ယခုခွဲဝေပေးထားသော   အသုံးစရိတ်ရန်ပုံငွေ များဖြင့်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ   ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ဖော်ဆောင်နိုင်ရန် မိမိတို့ကျရာကဏ္ဍမှ    အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။                             သတင်းစဉ်