ကိုဗစ် -၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

 

 

နေပြည်တော်   အောက်တိုဘာ   ၁၈ 


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ်     ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁) ကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။ 
တက်ရောက်
 အစည်းအဝေးသို့  လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ  ဒုတိယဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများ  တက်ရောက် ကြသည်။
ဆွေးနွေးပြောကြား
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကိုဗစ် -၁၉ ရန်ပုံငွေမှ ထုတ်ချေးပေးမည့် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍအား ဘဏ္ဍာ ရေးဆိုင်ရာ     အကူအညီပေးအပ်နိုင်ရေးအတွက်  ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည် ဦးမော့စေရေးစီမံချက်    (Myanmar   Economic Recovery Plan - MERP) ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ပြီးခဲ့သည့်အစည်းအဝေးနှင့် ယခုအစည်းအဝေးအကြား  ကုစားရေးလုပ်ငန်း ကော်မတီက ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ ကို ဆွေးနွေးပြောကြားသည်။ 
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာ ကြသူများက    ကိုဗစ် -၁၉ ကြောင့်    စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက် ဝန်ကြီးဌာန အလိုက်    ဆောင်ရွက်လျက်ရှိသည့်    လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဝန်ကြီး ဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုစားရေး လုပ်ငန်းကော်မတီသို့ တင်ပြလာသည့် အချက်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်