ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်    ၁၆ 


ကိုဗစ်ကြောင့်  ဖြစ်ပေါ်လာနိုင်သည့်  စီးပွားရေး သက်ရောက်မှုများအပေါ်       ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင်  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌  ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။


အစည်းအဝေးသို့  လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊   ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်    စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ         ဒုတိယဥက္ကဋ္ဌနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ  နှင့်  သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး


အစည်းအဝေးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး၊ ကုသ ရေးနှင့်ပတ်သက်သည့်   ပစ္စည်းများ   တင်သွင်းမှု    ချောမွေ့စေရေး၊ ရုံးပိတ်ရက် ကာလများအတွင်း   အဆိုပါပစ္စည်းများ  တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် ဌာနအလိုက် လုပ်ထုံး လုပ်နည်းဆိုင်ရာများ    ကြိုတင်ညှိနှိုင်းရေး၊     စားကုန်ဈေးနှုန်းများ    တည်ငြိမ်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများ ကို ဆွေးနွေးကြသည်။


ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌက  ကိုဗစ်-၁၉  Fund  မှ ထုတ်ချေးပေးသည့်  ချေးငွေများအပေါ် တိုင်းဒေသကြီး၊   ပြည်နယ်    ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့များက စိစစ်တွေ့ရှိမှုများနှင့် ပတ်သက် ၍လည်းကောင်း၊ ကိုဗစ်-၁၉  ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်၍  ဝန်ကြီးဌာနအသီးသီးက  တင်ပြလာမှု  များအပေါ် လုပ်ငန်းကော်မတီက ဆက်လက်ဆောင်ရွက်ပေးခဲ့သည့်    အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံစီးပွားရေး ပြန်လည် ဦးမော့လာစေရေးစီမံချက် (Myanmar Economic Recovery Plan-MERP) (မူကြမ်း) ကို သက်ဆိုင်ရာဌာနများ၏  သဘောထား မှတ်ချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိသည့် အခြေအနေနှင့်  ပတ်သက်၍လည်းကောင်း၊ လတ်တလောကာလတွင် စီးပွားရေးဆိုင်ရာ      ကိစ္စရပ်များနှင့်ပတ်သက်၍ မမှန်ကန်သည့်သတင်းများ လူမှုကွန်ရက် များတွင် ဖြန့်ဝေပြီး လူထုစိတ်မသက်မသာဖြစ်စေရေးနှင့် ချောက်ချား စေရန်  ဆောင်ရွက်နေမှုများအပေါ်  ဝန်ကြီးဌာနအလိုက်   သတင်းမှန် များ       အချိန်နှင့်တစ်ပြေးညီ     ထုတ်ပြန်ပေးရေးနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးပြောကြားသည်။


လုပ်ငန်းစဉ်များ ဆွေးနွေး


ဆက်လက်၍   အစည်းအဝေး  တက်ရောက်လာကြသူများက   ကိုဗစ်-၁၉   ကြောင့်    စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများမှ   ပြန်လည် တင်ပြလာသည့် အချက်များနှင့်စပ်လျဉ်း၍   ရှေ့ဆက်လက်ဆောင် ရွက်မည့်      လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍     ဆွေးနွေးခဲ့ကြကြောင်း       သိရသည်။  

သတင်းစဉ်