ကိုဗစ်-၁၉ ကာလအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်   ဇန်နဝါရီ    ၂၂


ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက်    ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  စောသန်းလှိုင်နှင့် အဖွဲ့ဝင် များသည်  တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်မြို့နယ်   နယ်မြေခံတပ်ရင်းရှိ   စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကိုလည်းကောင်း(ယာပုံ)၊  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  အောင်အောင်နှင့် အဖွဲ့ဝင်များသည်  တိုင်းစစ်ဌာနချုပ်ရှိ   စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို  လည်းကောင်း သွားရောက်ကြည့်ရှု၍   တာဝန်ရှိသူများနှင့်တွေ့ဆုံကာ   ကုန်ထုတ်လုပ်မှုလုပ်ငန်းများ   ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့်  လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေးခဲ့ကြကြောင်း  သတင်းရရှိ သည်။


သတင်းစဉ်