
ပြင်ဦးလွင် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကိုသည် ယနေ့ နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံ ခုတင်(၇၀၀)သို့ သွားရောက်၍ အောင်မြေသာစံမြို့နယ် ဒေါန ဘွားရပ်ကွက်၌ စက်တင်ဘာ ၁၃ ရက်က ကိုဗစ်-၁၉ ကုသ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်စဉ်နေစဉ် အကြမ်း ဖက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့သော လူနာများကို သွားရောက် ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒဏ်ရာရလူနာ နှစ်ဦးကို ကြည့်ရှုကာ လူနာနှင့် မိသားစုများအား လိုအပ်သည် များ ကူညီအားပေးပြီး ငွေကျပ် ငါးသိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ သည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့ မန္တလေး - ပြင်ဦးလွင် - လားရှိုး ကားလမ်းနံဘေးရှိ နန်းမြိုင်ချယ်ရီ တန်းသို့ သွားရောက်၍ ချယ်ရီပင် များ ကြီးထွားအောင် သေချာပြုစု ပျိုးထောင်ရေး၊ အောက်ခြေတော များ ရှင်းလင်းရေး၊ ပလက်ဖောင်း များကို အများပြည်သူအပန်းဖြေ လမ်းလျှောက်နိုင်အောင် စီစဉ် ရေးတို့ကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်