
၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအား ၁၈-၁၂-၂၀၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်မှ မတည်ရန်ပုံငွေကျပ် ၂၁၅.၇၇၅ ဘီလီယံနှင့် အမေရိကန် ဒေါ်လာ ၂၅၀ သန်း ထည့်ဝင်ခဲ့ပြီးဖြစ်ပါသည်။ ၂၇-၈-၂၀၂၁ ရက်နေ့အထိ လှူဒါန်းငွေစုစုပေါင်း ကျပ် ၃၀,၁၇၅,၀၉၀,၆၁၅.၃၉ နှင့် အမေရိကန်ဒေါ်လာ ၃,၁၆၂,၁၄၉.၅၃ လက်ခံရရှိပြီးဖြစ်ပါသည်။
၂။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေမှ အိန္ဒိယနိုင်ငံ Serum Institute of India Private Limited (SII) မှ Covidshield ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၇၅ သန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinovac အမှတ်တံဆိပ် ကာကွယ်ဆေးဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁၄ သန်းနှင့် Sinopharm အမှတ်တံဆိပ်ကာကွယ်ဆေးဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁၄ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၃ သန်းကို သုံးစွဲခဲ့ပြီး ဖြစ်ပါသည်။
၃။ ရန်ပုံငွေမှ ဝယ်ယူခဲ့သည့် ကာကွယ်ဆေးများအနက် အိန္ဒိယနိုင်ငံမှ Covidshield ၂ သန်းနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ Sinovac အမှတ်တံဆိပ် ကိုဗစ်ကာကွယ်ဆေး ၂ သန်း စုစုပေါင်း ၄ သန်း ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။
၄။ မြန်မာနိုင်ငံအနေဖြင့် ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေး ၄ သန်း၊ လှူဒါန်းရရှိသည့် ကိုဗစ် ကာကွယ်ဆေး ၄ သန်း စုစုပေါင်း ၈ သန်းအနက်မှ (၂၄-၈-၂၀၂၁) ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၄,၅၄၂,၃၆၃) ဦးအား ထိုးနှံပေးပြီးဖြစ်ရာ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ (၁,၇၉၇,၅၅၀) ဦး နှင့် ပထမအကြိမ်ထိုးနှံပြီးသူ (၂,၇၄၄,၈၁၃) ဦးရှိရာ ထိုးနှံပြီးစီးသည့် အကြိမ်ရေ စုစုပေါင်းမှာ (၆,၃၃၉,၉၁၃) ဖြစ်ပါသည်။
၅။ သို့ပါ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် လှူဒါန်းခဲ့သည့် အလှူရှင်များအနေဖြင့် မိမိ၏လှူဒါန်းမှုအား ကြည်နူးသဒ္ဓါပွားများစေနိုင်ရန် အသိပေးအပ်ပါသည်။
၆။ မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) မြန်မာကျပ်ငွေစာရင်း OA 013733 သို့ ၂၃-၈-၂၀၂၁ ရက်နေ့မှ ၂၇-၈-၂၀၂၁ ရက်နေ့အထိ ပြည်တွင်း / ပြည်ပ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်းမှာ ကျပ် ၈ . ၉၀၆ သန်း ဖြစ်ပါသည်။ ၂၇-၈-၂၀၂၁ ရက်နေ့အထိ ရန်ပုံငွေစာရင်း၏အခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ OA-013733 စာရင်း
ကျပ်
၂၃-၈-၂၀၂၁ ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန် ၂၄၅,၉၄၁,၀၆၂,၅၀၃.၉၁
(+) ၂၃-၈-၂၀၂၁ မှ ၂၇-၈-၂၀၂၁ ရက်နေ့ထိ ရရှိငွေ ၈,၉၀၆,၀၀၀.၀၀
၂၇-၈-၂၀၂၁ ရက်နေ့ရှိ စာရင်းပိတ်လက်ကျန် ၂၄၅,၉၄၉,၉၆၈,၅၀၃.၉၁
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ EDC 600012 စာရင်း
အမေရိကန်ဒေါ်လာ
၂၃-၈-၂၀၂၁ ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန် ၁၅၀,၁၆၂,၁၄၉.၅၃
(+) ၂၃-၈-၂၀၂၁ မှ ၂၇-၈-၂၀၂၁ ရက်နေ့ထိ ရရှိငွေ -
၂၇-၈-၂၀၂၁ ရက်နေ့ရှိ စာရင်းပိတ်လက်ကျန် ၁၅၀,၁၆၂,၁၄၉.၅၃