ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသူများအတွက် မလေးရှားနှင့် စင်ကာပူနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်လမ်းကို ပြန်လည်ဖွင့်လှစ်ပေး

 

စင်ကာပူ   ဧပြီ   ၁ 


မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသူများအတွက် နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်လမ်းကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ရာ ခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ စစ်ဆေးခြင်း သို့မဟုတ် သီးသန့်ကန့်သတ်စောင့်ကြည့်ခြင်းများ မလိုတော့ကြောင်း သိရသည်။ 

 


တစ်ကီလိုမီတာ   ရှည်သည့် ဂျိုဟော-စင်ကာပူ    နယ်စပ် ဖြတ်ကျော်လမ်းသည်  ကမ္ဘာပေါ် တွင်  အစည်ကားဆုံး  နယ်စပ် ဖြတ်ကျော်လမ်း   တစ်လမ်းဖြစ် သည်။   အဆိုပါလမ်းကို   ၂၀၂၀ ပြည့်နှစ်  မတ်လတွင်  ပိတ်ခဲ့ပြီး ယခုနှစ် ဧပြီ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ 

 


အဆိုပါလမ်း၌ ခရီးသွားများ သည်  ကားသို့မဟုတ်  ခြေကျင် ဖြတ်ကျော်သွားလာနေကြသည်။ နိုဝင်ဘာလကတည်းက ခရီးသွား များသည် အထူးသတ်မှတ်ထား သည့်   ဘတ်စ်ကားများဖြင့်သာ ဖြတ်ကျော်သွားလာနိုင်ခဲ့သည်။ 
ကိုဗစ်-၁၉   ကြောင့်  လမ်း မပိတ်ခင် တစ်နေ့လျှင် ခရီးသွား ၃၅၀၀၀၀ ကျော် အဆိုပါနယ်စပ် ဖြတ်ကျော်လမ်းကို အသုံးပြုခဲ့ကြ သည်။ 

 


အဆိုပါ   နယ်စပ်ဖြတ်ကျော် လမ်းကို   ပြန်ဖွင့်လိုက်ခြင်းသည် ကိုဗစ်-၁၉ နှင့် အသားတကျနေထိုင် ခြင်းကို ဖော်ပြသော သိသာသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။ 


အင်န်အိတ်ချ်ကေ