ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်လူဦးရေကို ဧပြီလကုန်အပြီး ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်


 

ပဲခူး   ဧပြီ   ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌  ဧပြီ ၂၅ ရက်  မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)ကို Online Zoom Meeting System ဖြင့် ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း က မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကို အမျိုးသားရေးရည်မှန်းချက်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိသဖြင့်  အခြားနိုင်ငံ များကဲ့သို့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု အလွန်နည်းပါး သည်ကို   တွေ့ရှိရကြောင်း၊   ပဲခူးတိုင်းဒေသကြီး အတွင်း၌လည်း မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု      မရှိသလောက်နည်းပါးခဲ့ရခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရှိန်အဟုန် ဖြင့်   ထိုးနှံနိုင်ခဲ့ခြင်းကြောင့်ဖြစ်သော်လည်း  ထပ်မံ ကာကွယ်ဆေးထိုးနှံရန်   ကျန်ရှိသည့်   လူဦးရေကို လည်း  ဧပြီလကုန်အပြီး   ထိုးနှံနိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက်   ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား နေ့စဉ်သတ်မှတ်လူဦးရေအတိုင်း ဧပြီလကုန်အပြီး ထိုးနှံနိုင်ရေးနှင့်  ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး က နိုင်(၄)စာရင်းများ Server အတွင်းသို့ ဧပြီလကုန် အပြီး    ထည့်သွင်းဆောင်ရွက်နိုင်ရေးကို    လည်း ကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးရမည့် သတ်မှတ် လူဦးရေအတိုင်း   အပြည့်အဝထိုးနှံပေးနိုင်ရေးကို လည်းကောင်း၊      တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် မြတ်ကိုက  လိုအပ်ပါက  လုံခြုံရေးနှင့် တပ်မတော်ဆေးတပ်ဖွဲ့များ  ကူညီဆောင်ရွက်ပေး သွားမည့်အခြေအနေကိုလည်းကောင်း   ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်