ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ခြင်းသာမက ပြည်ပမှအောက်ဆီဂျင်များကိုပါ အင်တိုက်အားတိုက် ထုတ်လုပ်ဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဇူလိုင်  ၁၆ 


ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊   ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်  အောက်ဆီဂျင် လိုအပ်ချက်များဖြစ်ပေါ်ခဲ့သဖြင့် အောက်ဆီဂျင် လိုအပ်ချက်များကို   တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် နိုင်ငံတော် နှင့်  တပ်မတော်ပိုင်  Oxygen  Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant များတွင်  တိုးမြှင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့  စေတနာရှင်အလှူရှင်များက စုပေါင်း လှူဒါန်းငွေများဖြင့်လည်း  အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများကို   ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းပေးလျက်ရှိပြီး  လိုအပ်သည့် နေရာများသို့    ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိ သည်။ 


ထိုသို့    တင်သွင်းဖြန့်ဝေပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံ များနှင့်    ကိုဗစ်စင်တာများအတွက်  ပြည်ပမှ မှာယူထားသည့် ဆေးရုံသုံးအောက်ဆီဂျင် ဓာတ်ငွေ့ရည် တင်ဆောင်လာသည့် မက်ထရစ် တန် ၂၀ ဆံ့ မော်တော်ယာဉ် နှစ်စီးသည် ဇူလိုင် ၁၅ ရက် ည ၈ နာရီနှင့် ယနေ့နံနက် ၃ နာရီခန့် တို့တွင်  ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုသို့ ရောက်ရှိလာသည့် Liquid Oxygen အရည်များ ကို    ဇူလိုင်   ၁၅  ရက်  ညပိုင်းနှင့်   ယနေ့ နံနက်ပိုင်းတွင်  မြောက်ဥက္ကလာပမြို့နယ်ရှိ မြောက်ဥက္ကလာပဆေးရုံကြီး၊ ဝေဘာဂီ အထူးကု ဆေးရုံ၊  လသာမြို့နယ်ရှိ  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတို့ရှိ  ဖိအားမြင့်အောက်ဆီဂျင် သိုလှောင်ကန်များအတွင်းသို့  ကျွမ်းကျင်သူ နည်းပညာရှင်များက ဖြည့်သွင်းပေးကြသည်။ ယင်းသို့ Liquid Oxygen များ ဖြည့်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    ဦးလှစိုးနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေတို့က အနီးကပ်ကြည့်ရှု၍ လိုအပ် သည်များ မှာကြားခဲ့သည်။ '


အဆိုပါရောက်ရှိလာသော Liquid Oxygen များကို  ဆေးရုံများနှင့်  ကိုဗစ်ကုသရေးစင်တာ များတွင် တက်ရောက်ကုသခံနေသော  လူနာ များ၊ အောက်ဆီဂျင်လိုအပ်နေသော ပြည်သူ များအတွက်  တပ်မတော်၊   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသစီမံအုပ်ချုပ် ရေးကောင်စီနှင့် အလှူရှင်များ၏ ငွေအားလူအား အကူအညီများဖြင့်  ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး   အောက်ဆီဂျင်လိုအပ်လျက်ရှိသော ဆေးရုံများနှင့်    ပြည်သူများထံသို့ စနစ်တကျ ဖြန့်ဖြူး  


လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။     ထို့ပြင် အောက်ဆီဂျင်လိုအပ်မှု        မရှိစေရေးအတွက် စေတနာရှင်၊      အလှူရှင်များ၏     စေတနာသဒ္ဓါ     ထက်သန်စွာ   လှူဒါန်းသောငွေများဖြင့်   Liquid Oxygen  မက်ထရစ်တန် ၂၀  ဆံ့ကား  ၂၆ စီးစာ ဝယ်ယူထားပြီးဖြစ်၍    မကြာမီရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့        ဆက်လက်ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။ 


ဆက်လက်၍   တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နှင့် တိုင်းမှူးတို့က  ကမာရွတ်မြို့နယ်ရှိ  မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၌  Liquid Oxygen များအား ဆေးရုံနှင့် ကိုဗစ်စင်တာများသို့  ဖြန့်ဝေပေးမှုလုပ်ငန်းများကိုလည်းကောင်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင်   အင်းစိန်မြို့နယ်ရှိ    ရွာမ သံမဏိစက်ရုံတွင်    အောက်ဆီဂျင်အိုးအမျိုးမျိုး ထုတ်လုပ်နေမှုများကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးပြီး      အရည်အသွေးပြည့်မီသည့် အောက်ဆီဂျင်များကို        အရေအတွက်များများ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည်များ မှာကြား ခဲ့သည်။ 


ဖြန့်ဝေပေးလျက်ရှိ


အလားတူ အောက်ဆီဂျင်လိုအပ်ချက်မရှိစေရေး အတွက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊  မင်းဓမ္မ  အောက်ဆီဂျင်ဓာတ်ငွေ့စက်ရုံမှ       တစ်ရက်လျှင် အောက်ဆီဂျင်   ကုဗပေ   ၁၄၉၀၀၀   ကျော်နှင့် မြောင်းတကာ     အောက်ဆီဂျင်ဓာတ်ငွေ့စက်ရုံမှ တစ်ရက်လျှင် အောက်ဆီဂျင်ကုဗပေ ၁၂၀၀၀၀ ကို  နေ့စဉ်ထုတ်လုပ်ဖြန့်ဝေပေးလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊  ကိုဗစ်စင်တာ များသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


ထို့အတူ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ်ရှိ    ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ တစ်ရက်လျှင်  အောက်ဆီဂျင်လီတာ ၄၀ အလုံး  ၅၀  ထုတ်လုပ်နိုင်သည့် Oxygen Plant နှင့် တစ်ရက်လျှင် အောက်ဆီဂျင်လီတာ ၄၀၊ ၂၄ လုံးထုတ်လုပ်နိုင်သည့် Oxygen Plant တို့ကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံ(ခုတင်-၃၀၀)၌ Oxygen Liquid  မှ Gas အဖြစ် တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ အလုံး ၁၄၄၀ ထုတ်လုပ်နိုင်သည့် Oxygen Plant တစ်လုံးကိုလည်းကောင်း၊    ဇေယျာသီရိမြို့နယ်ရှိ   တပ်မတော်သားဖွားမီးယပ်နှင့်    ကလေးဆေးရုံ (ခုတင်- ၃၀၀) ၌ အောက်ဆီဂျင်လီတာ ၄၀ အလုံး ၈၀ ထုတ်လုပ်နိုင်သည့် Oxygen Plant တစ်လုံးကို လည်းကောင်း အသီးသီးတပ်ဆင်စမ်းသပ်လျက်ရှိပြီး မကြမီရက်ပိုင်းအတွင်း   အောက်ဆီဂျင်လိုအပ်ချက် များကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


၎င်းအပြင် ဇူလိုင် ၁၅ ရက်တွင်  ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ တို့ရှိ   နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ရောက်ရှိလာသည့် အောက်ဆီဂျင်လီတာ ၄၀ အလုံး ၂၀၀ ကို လားရှိုးမြို့၊   ကျောက်မဲမြို့၊  နောင်ချိုမြို့၊  မန်တုံမြို့၊ နမ့်ဆန်မြို့၊ နမ္မတူမြို့များနှင့် သီပေါမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့်    ဧရာဝတီတိုင်းဒေသကြီး သို့လည်းကောင်း၊  ကရင်ပြည်နယ်     မြဝတီမြို့ရှိ   နယ်စပ်ကုန်သွယ်ရေးဂိတ်မှတစ်ဆင့်   ရောက်ရှိ လာသည့် အောက်ဆီဂျင်အရည် ၃၆ တန်၊ လီတာ  ၄၀ အလုံး ၄၉၀၊ ၁၀ လီတာ   အလုံး ၄၀၊ လီတာ ၄၀  အိုးအလွတ် ၂၂ လုံးနှင့် အောက်ဆီဂျင် ဆက်စပ်ပစ္စည်း အစုံ ၄၀ တို့ကို ကရင်ပြည်နယ်    မြဝတီမြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊  ကိုဗစ်စင်တာများနှင့်     ရန်ကုန်မြို့များသို့လည်း ကောင်း၊  တနင်္သာရီတိုင်းဒေသကြီး   ထားဝယ်မြို့ သို့ရောက်ရှိလာသည့် အောက်ဆီဂျင်အလုံး ၂၅၀  ကို  ပြည်သူ့ဆေးရုံများနှင့်   တပ်မတော်ဆေးရုံများသို့ လည်းကောင်း အသီးသီးဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ 


ပို့ဆောင်ဖြန့်ချိသွားမည်


ထို့ပြင် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များမှတစ်ဆင့်  လည်း တင်သွင်းခွင့်ပြုထားရာ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ တင်သွင်းလာသည့် အောက်ဆီဂျင်  လီတာ ၄၀ ဆံ့ ၃၃၃ လုံးနှင့် Regulator  ၃၃၃ ခု တို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် ရောက်ရှိလာပြီး  ရန်ကုန်တိုင်းဒေသကြီးသို့     ဆက်လက်ပို့ဆောင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။


တိုင်းဒေသကြီးနှင့်        ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များမရှိစေရေးအတွက်    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင်  Oxygen Plant များကို    တပ်ဆင်  ထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့်   အောက်ဆီဂျင် လိုအပ်ချက်များမရှိစေရေး Oxygen Plant  အသစ် များကိုလည်း ထပ်မံတိုးချဲ့တပ်ဆင်နိုင်ရေး လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။       သတင်းစဉ်