ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းစည်းဝေး

 

ရန်ကုန်     ဇူလိုင်    ၂၃   


ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ မွန်းလွဲ  ၃  နာရီခွဲက  ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊  ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့်   ဗိုလ်မှူးကြီး   ဝင်းတင့်၊    ဦးဗိုလ်ဌေး၊ ဦးအောင်သန်းဦး၊ ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် တိုင်း ဒေသကြီး   ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ်     ဒေါက်တာထွန်းမင်းတို့ တက်ရောက်ဆွေးနွေးကြသည်။


ရှေးဦးစွာ     တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အောက်ဆီဂျင် ထပ်မံရရှိနိုင်မည့် အရင်းအမြစ်များ ထပ်မံရှာဖွေထားရှိရန်၊ ကိုဗစ်-၁၉ ကုသရေးစင်တာများ   ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး အတွက်  ဖွင့်လှစ်နိုင်မည့်နေရာများ     ကြိုတင်စီမံ ဆောင်ရွက်ထားရှိရန်၊   လိုအပ်သည့်  ဆေးဝါးများ အဆင်ပြေချောမွေ့စွာ    ဝယ်ယူရရှိနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ အလှူရှင်များမှ အသစ်ဝယ်ယူလှူဒါန်းသည့် Oxygen Plant အား လှိုင်ကုသရေးစင်တာတွင် ထားရှိသွားရန်၊ လှိုင်ကုသရေးစင်တာနှင့် ရန်ကင်းကုသရေးစင်တာ များအား ပိုးတွေ့လူနာများ အမြန်ဆုံးထားရှိနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ အလှူရှင်များမှ   လှူဒါန်း ထားသည့် အောက်ဆီဂျင်အရည်များအား   ဆေးရုံ များသို့ အမြန်ဆုံးရောက်ရှိစေရေး၊  အောက်ဆီဂျင် လိုအပ်မှုရှိသည့် တိုက်နယ်ဆေးရုံများနှင့် အရေးပေါ် လိုအပ်သည့်   ပြည်သူများအား   ထောက်ပံ့နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်   မြို့မိမြို့ဖ ပူးပေါင်းဖွဲ့စည်းထားသော   မြို့နယ်အောက်ဆီဂျင်    ထောက်ပံ့ရေးအဖွဲ့များက  (Mobile  Team)  ဖြင့်     သယ်ယူပို့ဆောင်ပေးနိုင်ရေး    ဆွေးနွေးပြောကြား ခဲ့သည်။


ထို့နောက်   ရန်ကုန်တိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ်  ညွန့်ဝင်းဆွေက   ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးကောင်စီအဖွဲ့ဝင်များ  ဖြစ်ကြသော ဗိုလ်မှူးကြီး ဝင်းတင့်၊ ဦးဗိုလ်ဌေး၊ ဦးအောင်သန်းဦး၊ ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းတို့က အသီးသီးတင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။


ကျော်ဆန်းမြင့်