
ရန်ကုန် ဩဂုတ် ၄
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ တတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များက ကိုဗစ်ရောဂါကုသရေး အထောက်အကူ ပြုပစ္စည်းများ၊ ဆေးဝါးများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနာယက မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လုပ်ငန်းကော်မတီ နာယက ဒုတိယမြို့တော်ဝန် ဦးညီညီ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာဇော်ဝင်း၊ ဒေါက်တာငွေစန်းနှင့် ဦးအောင်နိုင်တို့က အသီးသီး လက်ခံယူကြပြီး(အပေါ်ယာပုံ)ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကာ မြို့တော်ဝန် ဦးဗိုလ်ဌေးက ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့ အလှူငွေပေးအပ်ပွဲတွင် အလှူရှင် ၅၁ ဦးက Goggle ၁၃ လက်၊ Oxygen Inhaler ၅ ခု၊ Test Kit ၁၀၀၀ ၊ Oximeter ၃၁၀၊ Medicine Box ၄၀၀၊ 84 Disinfectant (၀ ဒသမ ၅) တန်၊ Thermometer ၅၀၊ လီတာ ၄၀ အောက်ဆီဂျင်အိုး ၁၃ လုံး၊ Flow Meter ၂၀ ၊ အောက်ဆီဂျင်ပိုက် ၅၀ ၊ Mask ၃၀၀၀၀၊ Paracetamol ဘူး ၃၀ ၊ Cevit ၃၇၅ ဘူး၊ ကြက်ဥ ၅၀၀ နှင့် ငွေသားကျပ် ၁၅၀၅၉၄၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်