ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ပဉ္စမအကြိမ် အလှူငွေပေးအပ်ပွဲကျင်းပ

 

ရန်ကုန်   ဩဂုတ်    ၁၈


ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊       ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး ကော်မတီသို့ ပဉ္စမအကြိမ် အလှူ ငွေပေးအပ်ပွဲ      အခမ်းအနားကို ယနေ့နံနက်ပိုင်းက     ရန်ကုန် မြို့တော်      စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ ပထမ ထပ်ရှိ  အစည်းအဝေးခန်းမ(၄)၌ ကျင်းပသည်။


အခမ်းအနားတွင်  အလှူရှင် များက    ကိုဗစ်ရောဂါကုသရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့်    အလှူငွေများ ပေးအပ်လှူဒါန်းကြရာ    ရန်ကုန် မြို့တော်    စည်ပင်သာယာရေး ကော်မတီ ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးလုပ်ငန်း ကော်မတီနာယက  မြို့တော်ဝန် ဦးဗိုလ်ဌေး၊    လုပ်ငန်း ကော်မတီနာယက       ဒုတိယ မြို့တော်ဝန် ဦးညီညီနှင့်    လုပ်ငန်း ကော်မတီဥက္ကဋ္ဌ   ရန်ကုန်မြို့တော် စည်ပင်သာယာရေး     ကော်မတီ  အတွင်းရေးမှူး ဦးညွန့်ဖေတို့က  လက်ခံရယူကြပြီး       ဂုဏ်ပြု မှတ်တမ်းလွှာများ      ပြန်လည် ပေးအပ်ကာ        မြို့တော်ဝန်  ဦးဗိုလ်ဌေးက ကျေးဇူးတင်စကား        ပြောကြားသည်။ 


ယနေ့  အလှူငွေပေးအပ်ပွဲသို့ အလှူရှင် ၇၁ ဦးက   Oxygen Regulator လေးလုံးနှင့် ငွေကျပ် ၉၈ သိန်းကို   လှူဒါန်းခဲ့ကြောင်း သိရသည်။              

သတင်းစဉ်