ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ စတုတ္ထအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်   ဩဂုတ်  ၁၁


ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊      ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့    စတုတ္ထအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ရန်ကုန် မြို့တော်      စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ ပထမ ထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။


လှူဒါန်းပွဲတွင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ     ကုသရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့်    အလှူငွေများ   ပေးအပ်လှူဒါန်းကြရာ   ရန်ကုန် မြို့တော်    စည်ပင်သာယာရေး   ကော်မတီ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး    လုပ်ငန်း ကော်မတီနာယက  မြို့တော်ဝန် ဦးဗိုလ်ဌေး၊  လုပ်ငန်းကော်မတီ    နာယက       ဒုတိယမြို့တော်ဝန်     ဦးညီညီနှင့်    လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ   ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ   အတွင်း ရေးမှူး ဦးညွန့်ဖေတို့က    လက်ခံ ရယူကြပြီး    ဂုဏ်ပြုမှတ်တမ်းလွှာ များ         ပြန်လည်ပေးအပ်ကာ မြို့တော်ဝန်က  ကျေးဇူးတင်စကား ပြောကြားသည်။


ယနေ့   အလှူငွေပေးအပ်ပွဲသို့ အလှူရှင် ၂၇   ဦးက     အိမ်သုံး အောက်ဆီဂျင်စက်     နှစ်လုံး၊ နှာခေါင်းစည်း ၃၂၀၀၀၊ Oximeter ၂၂၁  ခုနှင့်     ငွေကျပ်   ၈၁၃၀၀၀၀  လှူဒါန်းခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်