
နေပြည်တော် ဩဂုတ် ၁၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိမ်သုံး အောက်ဆီဂျင်စက် ၁၃၇၇ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၄၃၂၈ စုံ၊ လက်အိတ်တစ်တန်နှင့် နှာခေါင်းစည်း ၂၅ တန်၊ ဆိပ်ကမ်းများမှ အောက်ဆီ ဂျင်စက်တစ်ခုအပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် Bowser ယာဉ် ရှစ်စီးဖြင့် ၁၄၉ တန်၊ အောက်ဆီဂျင် အရည် အိုးဖြင့် ၃၁ တန်၊ အောက်ဆီဂျင်အရည် Storage Container လေးခု ၊ အောက်ဆီဂျင်အိုး အခွံ ၅၀၁၄ ခု၊ အောက်ဆီဂျင်စက် လေးခု၊ အောက်ဆီဂျင် Generator တစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၃၇၃၅ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၂၅၅၂၈ စုံ၊ လက်အိတ်တစ်တန်နှင့် နှာခေါင်းစည်း ၈၆ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၃၁ ခုမှ ယာဉ်စီးရေ ၇၂ စီးဖြင့် တင်သွင်းလာ ခြင်းဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ ၉၄၄ စီးဖြင့် အောက်ဆီဂျင်အရည် Bowser ယာဉ်ဖြင့် ၉၄၇ တန်၊ အောက်ဆီဂျင်အရည်အိုးဖြင့် ၂၁၉ တန်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့အိုးဖြင့် ၇၂ တန်၊ အောက်ဆီဂျင်အရည် Storage Container ၁၂ ခု၊ အောက်ဆီဂျင်အရည် Distributor ခြောက်ခု၊ အောက်ဆီဂျင်အိုးခွံ ၁၁၁၉၁၉ ခု၊ အောက်ဆီဂျင်စက် ၂၆ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် နှစ်ခု၊ အောက်ဆီဂျင် Generator ၁၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၇၇၆၃၉ ခု၊ Test Kit ၁၅၁၀၄၈ ခု၊ တစ်ကိုယ်ရေ သုံးကာကွယ်ရေးဝတ်စုံ ၅၂၂၁၉၀၊ လက်အိတ် ၈၃ တန်နှင့် နှာခေါင်းစည်း ၁၁၉၁ တန် တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၁၇ ရက် အထိ ပြည်ပမှတင်သွင်းလာသည့် အောက်ဆီဂျင် အရည်Bowser ယာဉ် စုစုပေါင်း ၈၇ စီးမှာ ရန်ကုန် မြို့သို့ ၆၅ စီး၊ မန္တလေးမြို့သို့ ၁၅ စီး၊ မော်လမြိုင် မြို့သို့ လေးစီး၊ ပဲခူးမြို့သို့ နှစ်စီး၊ သထုံမြို့သို့ တစ်စီး ဖြစ်ကြောင်း သိရသည်။ အောက်ဆီဂျင်စက် စုစုပေါင်း ၃၄ ခုမှာ လားရှိုးမြို့သို့ ငါးခု ၊ ရန်ကုန်မြို့ သို့ ငါးခု၊ ပဲခူးမြို့သို့ လေးခု ၊ မန္တလေးမြို့သို့ လေးခု၊ ကျောက်ပန်းတောင်းမြို့သို့ သုံးခု ၊ ပခုက္ကူမြို့သို့ နှစ်ခု၊ ဘားအံမြို့သို့ နှစ်ခု၊ မော်လမြိုင်မြို့သို့ နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သားနှင့် မိုးကောင်းမြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစား ပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း နှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကို လည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်