ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းနိုင်ရေး နှောင့်နှေးကြန့်ကြာမှုမရှိစေရန် ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၁၁


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ် ကုသရေးဆိုင်ရာ ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများကို လုပ်ငန်းရှင်များ လွယ်ကူ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ဖြေလျော့မှုများ      ဆောင် ရွက်ပေးလျက်ရှိသည့်အပြင်   ဆက်စပ်ဌာနများနှင့်     ညှိနှိုင်း ထားသည့် SOP နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

 
အပြည်ပြည်ဆိုင်ရာလေဆိပ်၊         ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့်   နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ပြည်သူများ  အရေးပေါ်လိုအပ်လျက်ရှိသော ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊   ထိန်းချုပ်၊  ကုသရေးဆိုင်ရာ    ပစ္စည်းများအား  တင်သွင်းမှုကို     အများပြည်သူရုံးပိတ်ရက်များတွင်လည်း ရပ်ဆိုင်းထားခြင်းမရှိပဲ  ပုံမှန်အတိုင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ Oxygen Concentrator  ၂၅၃၂ ခု၊  Test Kit  ၇၂၂၆   ခုနှင့်  နှာခေါင်းစည်း  (Mask) ၁၁   တန်၊   အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ Oxygen   Concentrator  ၁၅  ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊   မြဝတီ၊    တာချီလိတ်၊     ထီးခီး ကုန်သွယ်ရေး         စခန်းများမှ     အောက်ဆီဂျင်အရည် (Bowser)   ယာဉ်    နှစ်စီးဖြင့်  ၃၅   တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ခုနစ်တန်၊ အောက်ဆီဂျင် (အိုးခွံ) ၆၆၉၈ ခု၊ Oxygen Plant တစ်ခု၊   Oxygen   Generator    တစ်ခု၊ အိမ်သုံး     အောက်ဆီဂျင်စက် (Oxygen Concentrator) ၂၈၈၈  ခု၊ Test Kit ၇၂၂၆ ခု၊ PPE ဝတ်စုံ ၁၅၉၆၀၊ လက်အိတ် ရှစ်တန်နှင့် နှာခေါင်းစည်း (Mask) ၄၉ တန် တင်သွင်းနိုင်ခဲ့သည်။  အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ ၂၄ ခုမှ ယာဉ်စီးရေ ၄၃ စီးဖြင့် တင်သွင်း လာခြင်းဖြစ်သည်။

 


တင်သွင်းခွင့်ပြုခဲ့


သြဂုတ်လအတွင်း ယာဉ်စီးရေ ၆၄၂ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၅၈၉တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၁၅၆    တန်၊    အောက်ဆီဂျင် ဓာတ်ငွေ့(အိုးဖြင့်)    ၆၅     တန်၊ အောက်ဆီဂျင်(အိုးခွံ) ၇၇၈၀၄ ခု၊ Oxygen Plant ၁၆ခု၊ အောက် ဆီဂျင်    (Generator)   ၁၀    ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxy-gen Concentrator) ၆၁၆၅၈ ခု၊ Test Kit    ၁၅၀၂၆၈  ခု၊   PPE ၃၄၁၈၅၂ စုံ၊ လက်အိတ် ၅၈ တန် နှင့် နှာခေါင်းစည်း (Mask) ၈၄၉ တန်   တင်သွင်းခွင့်ပြုခဲ့ပြီး     ဖြစ် သည်။

 


ဇူလိုင်လအတွင်း ယာဉ်စီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၇၂၇ တန်၊ အောက်ဆီဂျင်အရည်  (အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အောက်ဆီ ဂျင် (အိုးခွံ) ၄၀၄၉၁ ခု၊ အိမ်သုံး အောက်ဆီဂျင်စက်       (Oxygen Concentrator)   ၆၉၁၄၆   ခု၊ Oxygen Plant ရှစ်ခု၊ Oxygen Generator  ၁၁  ခု၊  ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် လေးခု၊ Test Kit ၃၂၂၈၇၈ ခု၊ နှာခေါင်း စည်း  (Mask) ၁၁၀၄ တန်၊ PPE ဝတ်စုံ   ၁၈၂၉၇၅  စုံ   တင်သွင်း ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 


၂၀၂၁    ခုနှစ်     ဇူလိုင်လမှ သြဂုတ် ၁၁ ရက်အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီ ဂျင် အရည် (Bowser) ယာဉ် စုစုပေါင်း ၆၃ စီးမှာ ရန်ကုန်မြို့သို့ ၄၆ စီး ၊ မန္တလေးမြို့သို့ ၁၁ စီး၊ ပဲခူးမြို့သို့ နှစ်စီး ၊ မော်လမြိုင်မြို့ သို့ သုံးစီး၊ သထုံမြို့သို့ တစ်စီး ဖြစ်ပြီး Oxygen Plant စုစုပေါင်း ၂၄  ခုမှာ  ရန်ကုန်မြို့သို့ လေးခု၊ လားရှိုး လေးခု ၊ ပဲခူးမြို့သို့ လေးခု၊ ပခုက္ကူ     နှစ်ခု၊     မန္တလေးမြို့၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ဘားအံ၊    ထားဝယ်၊    ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့၊  မော်လမြိုင်မြို့များသို့   တစ်ခုစီ ဖြစ်ကြောင်း သိရသည်။

 


ကြေညာချက်များ 
ဝင်ရောက်ကြည့်ရှုနိုင်


စီးပွားရေးနှင့်       ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေ ဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး   ပစ္စည်းများ တင်သွင်းရာတွင်     လွယ်ကူ မြန်ဆန်စေရေးအတွက် သက်ဆိုင် ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်      ရှိသလို ဆေးဝါးနှင့်     ဆက်စပ်ပစ္စည်း တင်သွင်းခြင်းနှင့် ဆက်စပ်သည့်   အသိပေး   ကြေညာချက်များကို လည်း ဝန်ကြီးဌာန Website ဖြစ် သည့် Commerce. gov.mm တွင်  ဝင်ရောက်ကြည့်ရှုနိုင်ရေး   စီစဉ် ဆောင်ရွက်    ပေးထားကြောင်း သိရသည်။              

သတင်းစဉ်