ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  ဩဂုတ်  ၂၅


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးဝင်ရောက်နိုင်ရေးအတွက် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူအလုပ်ပိတ်ရက်များတွင်လည်း အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ   လေဆိပ်မှ   Oxygen Concentrator  ၂၅၉ ခု ၊ PPE  ၂၀၀၀၊ နှာခေါင်းစည်း (Mask) လေးတန်၊ ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အိုးခွံ) ၈၇၀၊ Oxygen Concentrator ၂၀ အပါအဝင် ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ   အောက်ဆီဂျင် (အရည်) Bowser ယာဉ် သုံးစီးဖြင့်  ၅၇ တန်၊ အောက် ဆီဂျင်(အရည်) အိုးဖြင့်   သုံးတန်၊  အောက်ဆီဂျင် အိုး(အခွံ)  ၄၂၇၀၊   Oxygen Plant တစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက်    (Oxygen   Concentrator)   ၂၇၉ ခု၊ PPE ဝတ်စုံ ၃၁၀၀ နှင့် နှာခေါင်းစည်း (Mask) ၃၅ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများ အား ကုမ္ပဏီ ၁၆ ခုမှ ယာဉ်စီးရေ ၂၅ စီးဖြင့် တင်သွင်း လာခြင်းဖြစ်ပြီး အောက်ဆီဂျင်အရည်(Bowser)ယာဉ် သုံးစီးနှင့် Oxygen Plant တစ်ခုမှာ  ရန်ကုန်မြို့ သို့ ဖြစ်ကြောင်း သိရသည်။    


ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ    တင်သွင်းရာတွင်  လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို  အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက်       ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့်  တာဝန်ခံ (Contact Person) များကိုလည်း   ဝန်ကြီးဌာန  Website  ဖြစ် သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး  စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း  သိရ သည်။                                     

သတင်းစဉ်