ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ အစိုးရရုံးပိတ်ရက်တွင်လည်း လွယ်ကူလျင်မြန်စွာ တင်သွင်းပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၁၇


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကူးစက် ပြန့်ပွားမှု လျင်မြန်လျက်ရှိသည့် တတိယလှိုင်းတွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းကိရိယာ များကို လွယ်ကူလျင်မြန် စွာ   တင်သွင်းနိုင်ရေးအတွက်  သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်၍  ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့  ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ    ကုမ္ပဏီ  ၆၈ ခုမှ အပြည်ပြည်ဆိုင်ရာလေဆိပ်၊  ပင်လယ် ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့်          မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်စသည့်     ကုန်သွယ်ရေးစခန်းတို့မှ အောက်ဆီဂျင် (အရည်) လီတာ ၁၆ ဒသမ ၄၄၇ သန်း၊ အောက်ဆီဂျင် (အရည်) ပါဝင်သည့်  Cylinder အိုး ၄၃၁ ခု၊ Oxygen Cylinder အိုးအလွတ် ၄၆၈ ခု၊ Oxygen ပါဝင်သည့် Cylinder အိုး ၁၁၄၁ ခု၊   အိမ်သုံး Oxygen Concentrator   အခု    ၄၇၉၀ ၊ Covid Test Kit ၁၁၄၀၀၀ ခု၊ Surgical Mask ၂၄၄၄၆ ကီလိုတို့ တင်သွင်းခဲ့ပြီး လာမည့်ပိတ်ရက် များတွင်လည်း   ကုမ္ပဏီများမှ ဆက်လက်   တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။


စီးပွားရေးနှင့်    ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် ပြည်သူများအတွက် အရေး ပေါ်     လိုအပ်လျက်ရှိနေသည့် Liquid   Oxygen  အပါအဝင် ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေး နှင့် ဆေးပစ္စည်းကိရိယာများကို အစိုးရ   ရုံးပိတ်ရက်တွင်လည်း အပြည်ပြည်ဆိုင်ရာ   လေဆိပ်၊ ပင်လယ်ရေကြောင်း  ဆိပ်ကမ်း များနှင့်   နယ်စပ်ကုန်သွယ်ရေး စခန်းများမှ            အခက်အခဲ မရှိ   တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ    ဝန်ကြီးဌာနများ နှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်