ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ အစိုးရရုံးပိတ်ရက်တွင် လွယ်ကူလျင်မြန်စွာ တင်သွင်းပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၁၇

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကူးစက် ပြန့်ပွားမှု လျင်မြန်လျက်ရှိသည့် တတိယလှိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းကိရိယာ များကို လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့်ပေါင်းစပ်၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ကုမ္ပဏီ ၆၈ ခုမှ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေ ကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော် စသည့် ကုန်သွယ်ရေးစခန်းတို့မှ အောက်ဆီဂျင်(အရည်) လီတာ ၁၆ ဒသမ ၄၄၇ သန်း၊ အောက်ဆီဂျင် (အရည်)ပါဝင်သည့်

 

\
Cylinder အိုး ၄၃၁ ခု၊ Oxygen Cylinder အိုးအလွတ် ၄၆၈ ခု၊ အောက်ဆီဂျင် ပါဝင်သည့် Cylinder အိုး ၁၁၄၁ ခု၊ အိမ်သုံး Oxygen Concentrator အခု ၄၇၉၀၊ Covid Test Kit  အခု ၁၁၄၀၀၀၊ Surgical Mask  ၂၄၄၄၆ Kg  တို့ တင်သွင်းခဲ့ပြီး လာမည့်ပိတ်ရက် များတွင်လည်း ကုမ္ပဏီများမှ  ဆက်လက်တင်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။


ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  ပြည်သူများအတွက်  အရေးပေါ် လိုအပ်လျက်ရှိနေသည့် Liquid Oxygen အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို အစိုးရ ရုံးပိတ်ရက်တွင်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့်     နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အခက်အခဲမရှိ တင်သွင်း နိုင်ရေးအတွက်   သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။ 


သတင်းစဉ်