ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၇


နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်  အရေးတကြီးလိုအပ် လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင်စက်၊ ဆေးဝါးနှင့်    ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ်  သတ်မှတ်ကြေညာထားသည့် ရက်များတွင်လည်း ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှတင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင်  လွယ်ကူ အဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့    ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ   လေဆိပ်မှ  Oxygen Concentrator ၂၅၀၇ ခု အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ် ကုန်သွယ် ရေးစခန်းများမှ   အောက်ဆီဂျင်အရည်  (Bowser) ယာဉ် လေးစီးဖြင့် ၇၄ တန်၊ အောက်ဆီဂျင် အရည် (အိုးဖြင့်) ခုနစ်တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့(အိုးဖြင့်) ကိုးတန်၊  အောက်ဆီဂျင်(အိုးခွံ) ၈၄၂၂ ခု၊ Oxygen Plant တစ်ခု၊    အိမ်သုံး အောက်ဆီဂျင်စက်(Oxygen Concentrator) အခု ၄၀၉၀၊ PPE အစုံ ၄၉၀၃၀ နှင့် နှာခေါင်းစည်း (Mask)  ၆၇ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများကို  ကုမ္ပဏီ  ၄၂ ခုမှ ယာဉ်စီးရေ ၇၉ စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။
သြဂုတ်လအတွင်း   ယာဉ်စီးရေ  ၄၂၉ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၃၉၈ တန်၊    အောက်ဆီဂျင်အရည်  (အိုးဖြင့်)  ၅၁ တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့(အိုးဖြင့်) ၆၂ တန်၊ အောက်ဆီ ဂျင် (အိုးခွံ)  ၄၇၈၈၀၊    Oxygen  Plant ခြောက်ခု၊ အောက်ဆီဂျင်   (Generator)  ကိုးခု၊    အိမ်သုံး အောက်ဆီဂျင်စက်    (Oxygen    Concentrator) ၄၂၁၈၉ ခု၊ Test Kit ၁၄၁၆၄၂ ခု၊ PPE ၂၈၀၉၃၂ စုံ၊ လက်အိတ် ၃၉ တန်နှင့် နှာခေါင်းစည်း (Mask) ၅၆၉ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
ဇူလိုင်လအတွင်း    ယာဉ်စီးရေ  ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် ၇၂၇ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့  (အိုးဖြင့်)   ၁၁၄ တန်၊ အောက်ဆီဂျင်    (အိုးခွံ)     ၄၀၄၉၁ ခု၊      အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၆၉၁၄၆ ခု၊  Oxygen Plant ရှစ်ခု၊ Oxygen Generator  ၁၁ ခု၊   ဆေးရုံသုံး     အောက်ဆီဂျင်ဖြည့်စက် လေးခု၊ Test Kit  ၃၂၂၈၇၈ ခု၊  နှာခေါင်းစည်း (Mask) ၁၁၀၄ တန်၊ PPE ၁၈၂၉၇၅ စုံ  တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ   တင်သွင်းရာတွင်    လွယ်ကူ မြန်ဆန်စေရေးအတွက်    သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို  အကူအညီလိုအပ် ပါကလည်း     သက်ဆိုင်ရာ    တာဝန်ရှိသူများထံ  တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက်     ဌာနများ အလိုက်    ဆက်သွယ်မေးမြန်းနိုင်သည့်  တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက် များကိုလည်း     ဝန်ကြီးဌာန  Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။


သတင်းစဉ်