
နေပြည်တော် ဩဂုတ် ၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ များအတွက် အရေးတကြီး လိုအပ်လျက်ရှိသော ကိုဗစ် -၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေစခန်းများမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း များကို SOP နှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
အများပြည်သူ ရုံးပိတ်ရက် များတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို အပြည် ပြည်ဆိုင်ရာ လေကြောင်း၊ ရေကြောင်းဆိပ်ကမ်းများအပြင် တရုတ်နိုင်ငံ ကုန်သွယ်ရေးစခန်း များသာမက ထိုင်းနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်သွယ်ရေး စခန်းများမှ တင်သွင်းနိုင်ရေး သံတမန် လမ်းကြောင်းမှ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သို့ရာတွင် မသမာသူအချို့က နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ကြီးမားလာစေရန် လည်းကောင်း၊ ဝိသမလောဘသားများက စီးပွား ရေး အမြတ်ထုတ်ရန်အတွက် ဆေးနှင့် ဆေးပစ္စည်းများကို စျေးကစားလို၍ လည်းကောင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ် နယ်စပ် ကုန်သွယ်ရေးဂိတ်မှ တင်သွင်းသော ဆေးဝါးနှင့် ဆေးပစ္စည်းများ တရုတ်ဘက်မှ တင်သွင်းခွင့် မပြုကြောင်း ကောလာဟလသတင်းအမှားများ ထုတ်လွှင့်လာသည်ကို တွေ့ရှိရ သဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေသာ ဆေးဝါးနှင့် ဆေးပစ္စည်းများ နယ်စပ်မှ တင်သွင်းရာတွင် အဆင်ပြေ ချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်၍ ခွင့်ပြုပေး လျက်ရှိကြောင်း အသိပေး ကြေညာချက်ကို ဩဂုတ် ၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
ယနေ့တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၅၈၇၄ ခု၊ အပါ အဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေ ဟော်၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက် ဆီဂျင်အရည်(Bowser) ယာဉ် နှစ်စီးဖြင့် ၃၇ တန်၊ အောက် ဆီဂျင်အရည် (အိုးဖြင့်) (၁ ဒသမ ၄၇)တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၅ တန်၊ အောက်ဆီဂျင် (အိုးခွံ) ၉၁၁၇ ခု၊ Oxygen Plant လေးခု၊ အိမ်သုံးအောက်ဆီဂျင် စက် (Oxygen Concentrator) ၆၅၀၁ ခု၊ PPE အစုံ ၅၁၄၀၀ ၊ လက်အိတ်တန် ၃၀ နှင့် နှာခေါင်း စည်း (Mask) တန် ၂၁၀ တင်သွင်း နိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများ ကို ကုမ္ပဏီ ၄၃ ခုမှ ယာဉ်စီးရေ ၈၈ စီးဖြင့် တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သြဂုတ်လအတွင်း ယာဉ်စီး ရေ ၂၈၉ စီးဖြင့် အောက်ဆီဂျင် အရည် (Bowser) ယာဉ်ဖြင့် ၂၂၈ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၄၁ တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့အိုးဖြင့် ၅၂ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၃၃၄၆၆ ခု၊ Oxygen Plant လေးခု၊ အောက်ဆီဂျင် (Generator) ငါးခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) အခု ၃၃၆၄၀ ၊ Test Kit ၁၄၁၆၄၂ ခု၊ PPE ၁၉၅၀၂၂ စုံ၊ လက်အိတ် ၃၈ တန်နှင့် နှာခေါင်းစည်း(Mask) ၄၄၈ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၇၂၇ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၄၀၄၉၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၆၉၁၄၆ ခု၊ Oxygen Plant ရှစ်ခု၊ Oxygen Generator ၁၁ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် လေးခု၊ Test Kit ၃၂၂၈၇၈ ခု၊ နှာခေါင်းစည်း (Mask) ၁၁၀၄ တန် ၊ PPE ၁၈၂၉၇၅ စုံ တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါ ကလည်း သက်ဆိုင်ရာ တာဝန် ရှိသူ များထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များ နှင့် အသိပေးကြေညာချက်များကိုလည်းဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်