
နေပြည်တော် သြဂုတ် ၁၂
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိ စေရန် အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၂၂၉၆ခု၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ PPE ဝတ်စုံ ၃၀၀၀၀ အပါအဝင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီ၊ ကော့သောင်းကုန်သွယ်ရေးစခန်းများမှ အောက်ဆီ ဂျင်အရည် (Bowser) ယာဉ်နှစ်စီးဖြင့် ၃၈ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၀ ဒသမ ၁၁ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၅၈၇၅ ခု၊ Oxygen Plant လေးခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Con-centrator)၈၉၅ ခု၊ PPE ၂၈၈၀၀၊ လက်အိတ်နှစ်တန် နှင့်နှာခေါင်းစည်း (Mask) ၅၈ တန် တင်သွင်းနိုင်ခဲ့ သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၃၁ ခုမှ ယာဉ်စီး ရေ ၅၅ စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ ၆၉၇ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် ၆၂၈ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၁၅၆ တန်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့အိုးဖြင့် ၆၆ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၈၃၆၇၉ ခု၊ Oxygen Plant ၂၀၊ အောက်ဆီဂျင် (Generator) ၁၀ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၆၄၈၄၉ ခု၊ Test Kit ၁၅၀၂၆၈ ခု၊ PPE ၄၀၀၆၅၂ စုံ၊ လက်အိတ်တန် ၆၀ နှင့် နှာခေါင်းစည်း (Mask) ၉၀၇ တန် တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ် ၁၂ရက်ထိ ပြည်ပ မှ တင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း ၆၅ စီးမှာ ရန်ကုန်မြို့သို့ ၄၈ စီး၊ မန္တလေးမြို့သို့ ၁၁စီး ၊ ပဲခူးမြို့သို့ နှစ်စီး၊ မော်လမြိုင် မြို့သို့ သုံးစီး၊ သထုံမြို့သို့ တစ်စီးဖြစ်ကြောင်း သိရ သည်။ Oxygen Plant စုစုပေါင်း ၂၈ ခုမှာ ရန်ကုန်မြို့ သို့ လေးခု၊ လားရှိုးငါးခု ၊ ပဲခူးမြို့သို့ လေးခု၊ ပခုက္ကူ နှစ်ခု ၊ မန္တလေးမြို့နှစ်ခု၊ ဘားအံနှစ်ခု၊ မော်လမြိုင်မြို့ နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့များသို့ တစ်ခုစီ ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၉ ရက်နေ့မှ ၁၅ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည် ဖြစ်ပြီး အဆိုပါရက်များတွင်လည်း ကုန်သွယ်ရေး ဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ နှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ အွန်လိုင်းစနစ် ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို လည်း ရုံးချိန်အတွင်းပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဩဂုတ် ၈ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သိရ သည်။
သတင်းစဉ်