ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် Oxygen Plant နှင့် Oxygen Concentrator များကို လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၂၂


နိုင်ငံတော်အတွင်း  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်  အရေးတကြီးလိုအပ် လျက်ရှိသည့်   အောက်ဆီဂျင်၊   ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးဝင်ရောက် နိုင်ရေးအတွက်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့်    ထိုင်းနိုင်ငံ ဘက်တွင်   မြဝတီ၊   တာချီလိတ်၊    ကော့သောင်း၊ မောတောင်တို့မှလည်းကောင်း၊  တရုတ်နိုင်ငံဘက် တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ် စသည့်        နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိသည်။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်    ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု    စတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှစ၍  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိရာ     အများ ပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ်    သတ်မှတ်ထား သည့် ကာလအတွင်း၌လည်း  အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက်   သက်ဆိုင်ရာ   ဌာနများမှ တာဝန်ရှိသူများသည် ညှိနှိုင်းထားသည့် SOP များနှင့် အညီ    လွယ်ကူမြန်ဆန်နိုင်ရေးအတွက်     ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။ 


ဇူလိုင် ၂၂ ရက်တွင်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ   Oxygen Concentrator  ၂၉၆၈ လုံး အပါအဝင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊  လွယ်ဂျယ် ကုန်သွယ်ရေးစခန်းများမှ  Oxygen Plant   ၄ ယူနစ်ကို      မော်တော်ယာဉ် လေးစီးဖြင့်လည်းကောင်း၊     အောက်ဆီဂျင်အရည်  (Bowser) ယာဉ်တစ်စီးဖြင့်  တန်  ၂၀  ၊ အောက်ဆီဂျင် အရည် (အိုးဖြင့်)  ၇၇  တန်၊  အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၃၇၂၈  ခု၊ နှာခေါင်းစည်း (Mask)  ၉၂ တန် ၊   လက်အိတ် ခုနစ်တန်နှင့် Oxygen Generator နှစ်လုံး  တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများအား   ကုမ္ပဏီ  ၂၉ ခုမှ  ယာဉ်စီးရေ  ၄၄ စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်    ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု စတင်မြင့်တက်လာ သည့် ဇူလိုင် ၁၂ ရက်မှစ၍  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ဦးစားပေး   တင်သွင်းခွင့်ပြုပေးလျက်ရှိရာ ဇူလိုင်၁၂ ရက်မှ ၂၂ ရက်အထိ     မော်တော်ယာဉ်  ၂၉၈ စီး၊ အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့်  ၄၀၇ တန်၊   အောက်ဆီဂျင်အရည် (အိုးဖြင့်)  ၂၄၈ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့  (အိုးဖြင့်)  ၆၂ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် ၂၁၁၇၄  ခု၊ Test Kit  ၁၃၄၅၀၀၊  နှာခေါင်းစည်း (Mask) ၅၄၂ တန်     တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ကုသရေး ပစ္စည်းများ    တင်သွင်းရာတွင်     လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်  ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို   အကူအညီ  လိုအပ်ပါက လည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ   တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက်       ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့်   တာဝန်ခံ (Contact Person) များကိုလည်း   ဝန်ကြီးဌာန Website ဖြစ် သည့် commerce.gov.mm တွင်  ဝင်ရောက် ကြည့်ရှု နိုင်ရေး    စီစဉ်ဆောင်ရွက်ပေးထားကြောင်း    သိရ သည်။ 


သတင်းစဉ်