ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနိုင်ရေး ရုံးပိတ်ရက်များတွင်လည်း ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၂၅


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး       ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း   ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများအတွက်    အရေး တကြီး     လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက် ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက် ဆီဂျင်စက်နှင့်      ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန်      အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ဇူလိုင် ၂၆ ရက် မှ ဩဂုတ် ၁ ရက်အထိ ရုံးပိတ် ရက်များတွင်လည်း      နယ်စပ် ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထား မည်   မဟုတ်ဘဲ   ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်     လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်    ဖြစ် ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ကုသရေးပစ္စည်း များ     တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ထားသည့်   SOP  များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ       ရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တို့မှ  အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်    လျှောက်ထားမှုများကို လည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြု  ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး   ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် အရေးတကြီးလိုအပ် လျက်ရှိသည့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများအား ရန်ကုန် အပြည် ပြည်ဆိုင်ရာ လေဆိပ်၊  ပင်လယ် ရေကြောင်း   ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများ ဖြစ်သည့်    မူဆယ်၊    မြဝတီ၊ ချင်းရွှေဟော်၊      ကန်ပိုက်တီး၊ ကော့သောင်းတို့မှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိသည်။

 


ဇူလိုင် ၂၅ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ်မှ Oxygen Concentrator ၂၆၇၁ လုံး၊ Oxygen Generator ငါးခုနှင့် Test Kit  ၄၇၂၉၃  ခုတို့   အပါအဝင် မူဆယ်၊  မြဝတီ၊  ချင်းရွှေဟော်၊ ကန်ပိုက်တီး၊      ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက် ဆီဂျင် အရည်  (Bowser) ယာဉ် သုံးစီးဖြင့်  ၅၈ တန်၊ အောက်ဆီဂျင် အရည်(အိုးဖြင့်)  ၁၆ တန်၊ အိမ်သုံး အောက်ဆီဂျင်စက်    (Oxygen Concentrator) ၂၇၈၅ ခု၊နှာခေါင်း စည်း    ၃၁  တန်    တင်သွင်းနိုင်ခဲ့ သည်။  အထက်ပါပစ္စည်းများကို ကုမ္ပဏီ   ၂၅  ခုမှ   ယာဉ်စီးရေ ၃၇  စီးဖြင့်    တင်သွင်းခြင်းဖြစ် ကြောင်း သိရသည်။

 


တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှု    စတင်မြင့်တက်လာ သည့် ဇူလိုင် ၁၂ ရက်မှ ၂၅ ရက် အထိ  ယာဉ်စီးရေ ၄၂၅ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့်  ၅၃၃ တန်၊  အောက် ဆီဂျင်အရည်(အိုးဖြင့်) ၄၀၅ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၀၂ တန်၊ အိမ်သုံးအောက်ဆီဂျင် စက်    ၃၀၈၇၇  ခု၊    Test Kit  ၂၄၅၈၆၈   ခု၊      နှာခေါင်းစည်း ၆၆၅ တန်၊ Oxygen Plant လေးခု၊ Oxygen    Generator     ၁၄  ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 


စီးပွားရေးနှင့်      ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့်  ကိုဗစ်-၁၉  ကူးစက်ရောဂါ ကာကွယ်      ကုသရေးပစ္စည်း များ   တင်သွင်းရာတွင်    လွယ်ကူ မြန်ဆန်နိုင်ရေးအတွက် သက်ဆိုင် ရာ    ဌာနများနှင့်     ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို    အကူ အညီလိုအပ်ပါကလည်း သက်ဆိုင် ရာ     ကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူများထံ   တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။ 


သတင်းစဉ်