ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအား ပြည်ပမှတင်သွင်းနိုင်ရေး ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   ဇူလိုင်   ၃၁


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ် နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့်အတွက် သွင်းကုန် လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြု ပေးခြင်းနှင့်   နယ်စပ်ဒေသများမှ   တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ် ရေးစခန်းများ ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက် များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များ နှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ   Oxygen Concentrator ၄၇၇၈  ခု၊  Test  Kit  ၁၅၉၀၀တို့ အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ     အောက်ဆီဂျင်အရည် (Bowserယာဉ် နှစ်စီးဖြင့်) တန် ၄၀၊ အောက်ဆီဂျင် အရည် (အိုးဖြင့်) ၁၁ တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၉၈၇၂ ခု၊ Oxygen Plant နှစ်ခု၊ နှာခေါင်းစည်း (Mask) ၁၄၁ တန်တင်သွင်းနိုင်ခဲ့ သည်။ အဆိုပါပစ္စည်းများကို ကုမ္ပဏီ ၃၆ ခုမှ ယာဉ်စီးရေ ၅၇ စီးဖြင့် တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ယနေ့အထိ ယာဉ်စီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည် (Bowserယာဉ်ဖြင့်) ၇၂၇ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်)      ၅၆၇ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၆၉၁၄၆ ခု၊ Test Kit ၃၂၂၈၇၈ ခု၊ နှာခေါင်းစည်း(Mask) ၁၁၀၄ တန် ၊ Oxygen Plant  ရှစ်ခု၊ Oxygen Generator  ၁၁ ခု၊  ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် လေးခု တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်  ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးထားကြောင်း  သိရသည်။ 


သတင်းစဉ်