ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အမြန်ဆုံးရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၂၉


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း  ထိန်းချုပ် နိုင်ရေးအတွက်    ကုသရေးဆိုင်ရာ ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများ ပြည်ပမှ     တင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်   လျှောက်ထား ခြင်းမှ    ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့်   နယ်စပ်ဒေသများမှ တင်သွင်းရာတွင်   လွယ်ကူအဆင် ပြေစေရေးအတွက်    နယ်စပ် ကုန်သွယ်ရေးစခန်းများ   ရုံးပိတ် ရက်မရှိ ဖွင့်လှစ်၍   ဆောင်ရွက် ပေးလျက်ရှိသည့်အပြင်   အများ ပြည်သူ    အလုပ်ပိတ်ရက်ရှည် ဖြစ်သည့်   ဇူလိုင်   ၂၆  ရက်မှ ဩဂုတ် ၁ ရက်အထိ  ကုန်သွယ်ရေး ဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲနှင့်   ပို့ကုန်သွင်းကုန် ရုံး  (ရန်ကုန်) ရုံးများသို့    ပို့ကုန် သွင်းကုန်လိုင်စင်        လာရောက် လျှောက်ထားမှုများကို       ပုံမှန် အွန်လိုင်းစနစ်ဖြင့်    ခွင့်ပြုဆောင် ရွက်ပေးလျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Oxygen Con-centrator ၈၂၀၁ ခု၊     Test Kit ၃၀၃၀၀   အပါအဝင်    မူဆယ်၊ ချင်းရွှေဟော်၊       ကန်ပိုက်တီ၊ ကျိုင်းတုံ၊ ကော့သောင်း၊  တာချီ လိတ်၊ မြဝတီကုန်သွယ်ရေးစခန်း များမှ      အောက်ဆီဂျင်အရည်  (Bowser)ယာဉ်နှစ်စီးဖြင့် ၃၉ တန်၊ အောက်ဆီဂျင်အရည်   (အိုးဖြင့်) ၂၃ တန်၊   အိမ်သုံးအောက်ဆီဂျင် စက်   (Oxygen Concentrator) ၉၁၉၁ ခု၊ နှာခေါင်းစည်း (Mask) ၇၂ တန်   တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၃၉ ခုမှ ယာဉ်စီးရေ ၈၈ စီးဖြင့် တင်သွင်းလာခြင်း  ဖြစ်ကြောင်း သိရသည်။ 

 


တစ်နိုင်ငံလုံး  အတိုင်းအတာ       ဖြင့် ကိုဗစ်-၁၉ ရောဂါ  ကူးစက် ဖြစ်ပွားမှု          စတင်မြင့်တက်လာ သည့် ဇူလိုင်  ၁၂  ရက်မှ    ယနေ့ အထိ  ယာဉ်စီးရေ ၆၃၇ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် တန် ၆၇၀၊    အောက်ဆီ ဂျင်အရည် (အိုးဖြင့်) ၅၁၇ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊  အိမ်သုံးအောက်ဆီဂျင် စက် ၅၃၈၇၅ခု၊ Test Kit ၃၀၆၀၇၈ ခု၊ နှာခေါင်းစည်း (Mask) ၈၆၉ တန်၊ Oxygen Plant ငါးခု၊  Oxy-gen Generator ကိုးခု   တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။

 


စီးပွားရေးနှင့်          ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေ ဖြင့်   ကိုဗစ်-၁၉   ကူးစက်ရောဂါ ကာကွယ်   ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို    အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာ ကုန်သွယ်ရေး စခန်းများမှ  တာဝန်ရှိသူများထံ တိုက်ရိုက်        ဆက်သွယ်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။  

 

သတင်းစဉ်