ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အများပြည်သူရုံးပိတ်ရက်များတွင်လည်း အဆက်မပြတ် တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၄


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့်   ကိုဗစ်-၁၉  ရောဂါ  ဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက်  ကုသရေးဆိုင်ရာ  ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်   လျှောက်ထားခြင်းကို   ယာယီ ကင်းလွတ်ခွင့်ပြုပေးခြင်းနှင့်     နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေး   စခန်းများ     ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိသည်။

 


ရုံးပိတ်ရက်ကာလအတွင်း  အဆင်ပြေချောမွေ့ စွာ  တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်   အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ  လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်  ပေးလျက်ရှိကြောင်း သိရသည်။    

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concen-trator ၃၃၅၇ ခု၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ Oxygen Concentrator ၂၂၁ ခု အပါအဝင် မူဆယ်၊ မြဝတီ၊    ချင်းရွှေဟော်၊    ကျိုင်းတုံ၊     ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် အရည် (Bowser) ယာဉ် သုံးစီးဖြင့် ၅၈ တန်၊ အောက်ဆီဂျင် အရည်(အိုးဖြင့်) ရှစ်တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့ (အိုးဖြင့်)  ကိုးတန်၊ အောက်ဆီဂျင်(အိုးခွံ) ၄၇၅၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၄၃၂၆ ခု၊ PPE ၃၅၁၆၈ စုံနှင့် နှာခေါင်းစည်း (Mask) ၅၅ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများ ကို ကုမ္ပဏီ ၃၂ ခုမှ ယာဉ်စီးရေ ၅၅ စီးဖြင့် တင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သြဂုတ်လအတွင်း   ယာဉ်စီးရေ   ၂၀၁ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၁၉၁ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၃၉ တန်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့အိုးဖြင့် ၄၇ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၂၄၃၄၉ ခု၊  အောက်ဆီဂျင်  (Generator)   ငါးခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၂၇၁၃၉ ခု၊ Test Kit  ၁၃၅၉၄၂  ခု၊ PPE ၁၄၃၆၂၂ စုံ၊ လက်အိတ် ရှစ်တန်နှင့် နှာခေါင်းစည်း (Mask) ၂၃၈  တန်၊ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 

ဇူလိုင်လအတွင်း   ယာဉ်စီးရေ   ၇၄၉   စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၇၂၇  တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အောက်ဆီဂျင် (အိုးခွံ)      ၄၀၄၉၁    ခု၊      အိမ်သုံးအောက်ဆီဂျင် စက် (Oxygen Concentrator) ၆၉၁၄၆ ခု၊ Oxygen Plant  ရှစ်ခု၊  Oxygen  Generator  ၁၁  ခု၊   ဆေးရုံ သုံး   အောက်ဆီဂျင်ဖြည့်စက်   လေးခု၊   Test     Kit ၃၂၂၈၇၈ ခု၊ နှာခေါင်းစည်း (Mask) ၁၁၀၄ တန်၊ PPE ၁၈၂၉၇၅  စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

 


စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ   တင်သွင်းရာတွင်     လွယ်ကူ မြန်ဆန်နိုင်ရေးအတွက်   သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း  သက်ဆိုင်ရာ  ကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူများထံ     တိုက်ရိုက်ဆက်သွယ်နိုင်ရေး အတွက်    စီစဉ်ဆောင်ရွက်ပေးထားကြောင်း   သိရ သည်။                                                

သတင်းစဉ်