ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်
၁၃၈၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်
(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)


ကိုဗစ်-၁၉  ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို   ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့အထိ  ထုတ်ပြန်ထားသော  ပြည်သူသို့ပန်ကြားချက်၊  အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့်ကိစ္စ ရပ်များမပါ) အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၉  ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း    အသိပေး ကြေညာအပ်ပါသည်။