ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးကြေညာချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်
၁၃၈၄ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)
ကိုဗစ်-၁၉ ရောဂါပိုး   ကူးစက်ပျံ့နှံ့မှုကို   ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်    လိုအပ်ပါသဖြင့်  ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊  ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  တားဆီးရေးအတွက် ၂၀၂၂ ခုနှစ်၊   ဒီဇင်ဘာလ  ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊  အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စ ရပ်များ မပါ)  အား  ၂၀၂၃ ခုနှစ်၊  ဇန်နဝါရီလ ၃၁ ရက်နေ့အထိ  ရက်တိုးမြှင့်သတ်မှတ်   ဆောင်ရွက် ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။