ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ပစ္စည်းများကို အများပြည်သူအလုပ်ပိတ်ရက်များတွင် ဆက်လက်တင်သွင်းခွင့်ပြု

 

နေပြည်တော်   ဇူလိုင်   ၃၀


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ် နိုင်ရေးအတွက် ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ  ပြည်ပမှ   တင်သွင်းခွင့်အတွက်  သွင်းကုန် လိုင်စင်လျှောက်ထား ခြင်းမှ     ယာယီကင်းလွတ်ခွင့်ပြု ပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင် ပြေစေရေးအတွက်  နယ်စပ်ကုန် သွယ်ရေးစခန်းများ   ရုံးပိတ်ရက် မရှိဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက် ရှိသည့်အပြင်      အများပြည်သူ အလုပ်ပိတ်ရက်ရှည်   ဖြစ်သည့်  ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၈ ရက် အထိ    ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်း ဌာနခွဲနှင့်    ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)  ရုံးများသို့   ပို့ကုန် သွင်းကုန်လိုင်စင်      လာရောက် လျှောက်ထားမှုများကို     ပုံမှန် အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုဆောင် ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်ရာ    ယနေ့ တွင်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentra-tor  ၄၈၉၆ခု၊   Test Kit  ၉၀၀  အပါအဝင်    မူဆယ်၊    မြဝတီ၊ ချင်းရွှေဟော်၊      ကော့သောင်း၊ ကျိုင်းတုံ၊ လွယ်ဂျယ် ကုန်သွယ် ရေးစခန်းများမှ အောက်ဆီဂျင် အရည် (Bowser) ယာဉ်တစ်စီး ဖြင့် ၁၈ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်)   ၂၁  တန်၊    အိမ်သုံး အောက်ဆီဂျင်စက်   (Oxygen Concentrator)     ၅၃၉၉ ခု၊ နှာခေါင်းစည်း (Mask) ၉၄ တန် တင်သွင်းနိုင်ခဲ့သည်။  အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ ၂၉ ခုမှ ယာဉ်စီးရေ ၅၅ စီးဖြင့် တင်သွင်း လာခြင်းဖြစ်ကြောင်း သိရသည်။

 


တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကိုဗစ်-၁၉  ရောဂါကူးစက် ဖြစ်ပွားမှု  စတင်မြင့်တက်လာသည့်  ဇူလိုင် ၁၂ ရက်မှ ၃၀ ရက်အထိ ယာဉ်စီးရေ       ၆၉၂   စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၆၈၈ တန်၊ အောက်ဆီ ဂျင်အရည် (အိုးဖြင့်) ၅၅၆ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အိမ်သုံး အောက်ဆီဂျင် စက်  ၅၉၂၇၄  ခု၊     Test   Kit  ၃၀၆၉၇၈ ခု၊   နှာခေါင်းစည်း (Mask) ၉၆၃ တန်၊ Oxygen Plant ခြောက်ခု၊ Oxygen Generator  ၁၁   ခု      တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 


စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန    အနေဖြင့် ကိုဗစ်-၁၉    ကူးစက်ရောဂါ ကာကွယ်   ကုသရေးပစ္စည်းများ   တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့်       ပူးပေါင်းဆောင်ရွက် လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာ    တာဝန် ရှိသူများထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက်   ဆက်သွယ်     မေးမြန်းနိုင်သည့်   တာဝန်ခံ  (Contact Person)များနှင့်   အသိပေးကြေညာချက် များကိုလည်း       ဝန်ကြီးဌာန  Website  ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။  

သတင်းစဉ်